မိုးလေ၀သ

အိန္ဒိယသမုဒ္ဒရာအတွင်းလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်-မုန်တိုင်းဖြစ်လာနိုင်ခြေ FAIR ဖြစ်ကြောင်း JTWC မှ ထုတ်ပြန်ထား

May 31, 09:21 AM
အိန္ဒိယသမုဒ္ဒရာအတွင်း အာရေဗျပင်လယ်၌ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး၊ မုန်တိုင်းဖြစ်လာနိုင်ခြေ FAIR ဖြစ်ကြောင်း JTWC မှ data များအရသိရပါသည်။ လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ အနောက်-အနောက်တောင်ဘက် ၆၃၅ မိုင်ခန့်နဲ့ ပါကစ္စတန်နိုင်ငံ ကရာချိမြို့ တောင်ဘက် ၇၂၅ မိုင်ခန့်မှာ ရှိနေတာဖြစ်ပါတယ်။

(Original data from JTWC)
THE AREA OF CONVECTION PREVIOUSLY LOCATED NEAR 14.5N 65.5E, IS NOWLOCATED NEAR 14.4N 64.2E, APPROXIMATELY 570 NM WEST-SOUTHWEST OF MUMBAI, INDIA. ANIMATED MULTI-SPECTRAL AND INFRARED SATELLITE IMAGERY SHOWCONTINUED CONSOLIDATION OF THE LOW LEVEL CIRCULATION CENTER (LLCC) WITHINCREASED DEEP CONVECTION BUILDING IN THE VICINITY OF THE LLCC. UPPER LEVELANALYSIS INDICATES AN ANTI-CYCLONE LOCATED OVER THE NORTHERN ARABIANSEA IS PROVIDING FAVORABLE EQUATORWARD OUTFLOW AND CREATING A MODERATE VERTICAL WIND SHEAR ENVI-RONMENT FOR THE LLCC. SURFACECONDITIONS ARE FAVORABLE WITH SEA SUR-FACE TEMPERATURES AROUND 31 CELSIUS BASED ON RECENT BUOY OBSERVATIONS.
MAXIMUM
SUSTAINED SURFACE WINDS ARE ESTIMATED AT 20 TO 25 KNOTS. MINIMUMSEA LEVEL PRESSURE IS ESTIMATED TO BE NEAR 1005 MB. BASED ON BUILDING DEEPCONVECTION AND FAVORABLE SURFACE CONDITIONS, THE POTENTIAL FOR THEDEVELOPMENT OF A SIGNIFICANT TROPICAL CYCLONE WITHIN THE NEXT 24 HOURS IS UPGRADED TO FAIR.
mmweather

 

ဘင်္ဂလားပင်လယ်အော်မှမုန်တိုင်းသည်  မြန်မာနိုင်ငံကို သက်ရောက်မှု ရှိနိုင်သော်လည်း မစိုးရိမ်ရ
ဘင်္ဂလား ပင်လယ်အော်မှ လိုင်လာမုန်တိုင်းသည် မေလ ၁၈ ရက် နေ့တွင် အိန္ဒိယနိုင်ငံ ကမ်းလွန်ပင်လယ်ပြင်၌ တည်ရှိနေကြောင်း သတင်း ရရှိပါသည်။

    အဆိုပါ မုန်တိုင်းသည် ဘင်္ဂလားပင်လယ်အော် တောင်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်း အဖြစ် မေလ ၁၇ ရက်နေ့က စတင်ဖြစ်ပေါ်ခဲ့ပြီးနောက် ပိုမို အားကောင်းလာကာ အပူပိုင်းမုန်တိုင်းအဖြစ်သို့ ရောက်ရှိခဲ့သည် ဟု သိရှိရသည်။

    မေလ ၁၈ ရက်နေ့ မြန်မာစံတော်ချိန် နံနက် ၅ နာရီခွဲအချိန် တိုင်းထွာချက်များအရ မုန်တိုင်းငယ်သည် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် မိုင် ၄၃၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း နှင့် လေတိုက်နှုန်းမှာ တစ်နာရီမိုင် ၄၀ ခန့်ရှိနေကြောင်း သိရှိရသည်။

    မေလ ၁၈ ရက်နေ့တွင် မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ နံနက် ၁၀ နာရီခွဲအချိန် ထပ်မံထုတ်ပြန်သော ထုတ်ပြန်ချက်အရ အပူပိုင်းမုန်တိုင်း လိုင်လာသည် အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့၏ အရှေ့တောင်ဘက် ၃၁၅ မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရှိရသည်။

    မုန်တိုင်းငယ်သည် ပိုမိုအားကောင်းလာကာ အနောက်မြောက်ဘက်သို့ ရွေ့လျားမည်ဟု ခန့်မှန်းရကြောင်းနှင့် မြန်မာနိုင်ငံသို့ ဦးတည်ခြင်းမရှိသေးကြောင်း၊ ကမ်းရိုးတန်း ဒေသများနှင့် ကမ်းလွန်ပင်လယ်ပြင်၌ မိုးသက်လေပြင်း ကျရောက်၍ လှိုင်းကြီးနိုင်ကြောင်း မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်ခဲ့သည်။

    "မုန်တိုင်းက လတ်တလောမှာ မြန်မာနိုင်ငံကို ဦးတည်ခြင်းမရှိဘဲ အ၀ါရောင်အဆင့်လို့ သိရပါတယ်။ ဒါပေမယ့် ကမ်းခြေကို ဖြတ်ကျော်မသွားဘဲ ပင်လယ်ပြင်မှာပဲရှိနေဦးမယ် ဆိုရင်တော့ အဲဒီလိုတည်ရှိနေသမျှ မြန်မာနိုင်ငံက သတိပြုရဦးမှာပါ"ဟု မိုးလေ၀သပညာရှင်ဒေါက်တာထွန်းလွင် က သုံးသပ်ပါသည်။

    "ဒီရာသီမှာတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံနဲ့ အိန္ဒိယနိုင်ငံကို ဖြတ်နိုင်တဲ့ အလားအလာများတယ်။ ဒါပေမယ့် လုံးဝမစိုးရိမ်ရဘူးလို့တော့ မပြောနိုင်သေးဘူး။ နောက်နှစ်ရက်လောက်သာ ပင်လယ်ပြင်မှာဆက်ပြီး တည်နေမယ် ဆိုရင်တော့ မြန်မာနိုင်ငံဘက်လည်း အချိန်မရွေး ပြန်လှည့်လာနိုင်တဲ့အတွက် သတင်းထုတ်ပြန်ချက်တွေကို သတိပြုစေချင်ပါတယ်"ဟု ၎င်းင်းက မေလ ၁၈ ရက်နေ့တွင် ပြောကြားသည်။

    လိုင်လာနှင့်ပတ်သက်၍ ဖြစ်နိုင်ခြေများကို ကြိုတင်ခန့်မှန်းချက် ထုတ်ပြန်လျက်ရှိသည့် ၀က်ဘ်ဆိုက်များတွင်မူ မေလ ၂၀ ရက်နေ့အထိ ကမ်းလွန် ပင်လယ်ပြင်တွင် တည်ရှိနေနိုင်ပြီး မေလ ၂၁ ရက်နေ့မှစတင်ကာ အိန္ဒိယ နိုင်ငံကမ်းခြေကို ဖြတ်ကျော်လျက် မေလ ၂၃ ရက်နေ့၌ အားပျော့ဖွယ်သည်ဟု ထုတ်ပြန်ထားသည်။

 
လိုင်လာမုန်တိုင်း၏ လားရာအား မိုးလေ၀သ၀က်ဘ်ဆိုက် တစ်ခုတွင် မေလ ၁၉ ရက်နေ့နံနက်ပိုင်းက ဖော်ပြထားစဉ်

    လတ်တလောကာလသည် မြန်မာ နိုင်ငံသို့ မုတ်သုံဝင်ရောက်ခြင်း မရှိသေးသည့်အတွက် မုန်တိုင်းကိုသတိ ပြုရလေ့ရှိသည့် မိုးကြိုကာလကို ဖြတ်သန်းနေရဆဲဖြစ်သည်ဟု သိရှိရသည်။

     အနောက်တောင် မုတ်သုံလေသည် မြန်မာနိုင်ငံသို့ မုန်တိုင်းဖြစ်ပေါ်ချိန်မှ သာ ၀င်ရောက်နိုင်မည်ဟု ခန့်မှန်းမှု များလည်းရှိခဲ့ပြီး မကြာမီတွင် မုတ်သုံ လေ တောင်ပိုင်းဒေသများသို့ ၀င်ရောက်ဖွယ် ရှိသည်ဟုလည်း သိရှိရပါသည်။

    "မုန်တိုင်းနဲ့ ပတ်သက်လို့တော့ လုံးဝမသက်ရောက်ဘူးလို့ ပြောလို့မရပါဘူး။ အနည်းဆုံးတော့ မိုးသက် လေပြင်းကျတာတွေ၊ မိုးကြီးတာတွေ ကြုံရနိုင်ပါတယ်"ဟုဒေါက်တာထွန်းလွင် က ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံတွင် အပူပိုင်းမုန်တိုင်းကို သတိပြုရသောကာလများမှာ မိုးကြိုကာလဖြစ်သော ဧပြီနှင့်မေ၊ မိုးလွန်ကာလဖြစ်သော အောက်တိုဘာ နှင့် နိုဝင်ဘာလတို့ဖြစ်သည်ဟု သိရှိရသည်။ နောက်ပိုင်းတွင် မုတ်သုံဝင် ရောက်ချိန်နောက်ကျပြီး မိုးကြိုကာလ ရှည်လျားလာခြင်းက မုန်တိုင်းရာသီကိုလည်း ရှည်လျားလာစေပြီး မိုးကြို မုန်တိုင်းများကို ပိုမိုသတိပြုလာခဲ့ရသည်။

    "သဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်တဲ့ သတင်းမျိုး၊ မိုးလေ၀သ သတင်းမျိုးကို မှန်ကန်တိကျပြီး အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်ပေးဖို့ဟာ အလွန်အရေးကြီးပါတယ်။ မုန်တိုင်းလို သဘာဝဘေးမျိုးဆို သတင်းထုတ် ပြန်မှုတွေရှိခဲ့ရင် ပြင်ဆင်ချိန် ကောင်းကောင်းရပါတယ်။ ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်းတုန်းက လူအသေအပျောက်များပြီး ပျက်စီးဆုံးရှုံးမှုတွေ များခဲ့ရတာဟာ ကျွန်တော်တို့မှာ ကြိုတင်ပြင်ဆင်ချိန်မရခဲ့လို့ပါ"ဟု ဂျာနယ် လစ်တစ်ဦးက ပြောကြားသည်။

    ပြီးခဲ့သည့်နှစ်များ၏ မိုးကြိုကာလတို့တွင် မြန်မာနိုင်ငံသို့ အပူပိုင်းမုန်တိုင်းများ သက်ရောက်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် မာလာမုန်တိုင်း၊ ၂၀၀၇ ခုနှစ်တွင် အကာ့ရှ်မုန်တိုင်း၊ ၂၀၀၈ ခုနှစ်တွင် နာဂစ်မုန်တိုင်းတို့ ဖြစ်သည်။

ကမ္ဘာ့သမုဒ္ဒရာများအတွင်း အပူပိုင်းမုန်တိုင်းများဖြစ်ရာဒေသနှင့် ဒေသအလိုက် အခေါ်အဝေါ်များ
မုန်တိုင်းအခေါ်အဝေါ်    ဖြစ်ပေါ်ရာဒေသ    ဖြစ်ပေါ်သည့်ကာလ
 ဆိုင်ကလုန်း     အာရေဗျပင်လယ်နှင့် ဘင်္ဂလားပင်လယ်အော်     မေလမှ နိုဝင်ဘာလ
  တောင်အိန္ဒိယသမုဒ္ဒရာအနောက်ပိုင်း     ဒီဇင်ဘာလမှ ဧပြီလ
 တိုင်ဖွန်း     မြောက်ပစိဖိတ် သမုဒ္ဒရာအနောက်ပိုင်း     ဇွန်လမှ နိုဝင်ဘာလ (တစ်နှစ်ပတ်လုံးလည်းဖြစ်နိုင်)
 ဟာရီကိန်း     မြောက်အတ္တလန္တိတ်သမုဒ္ဒရာအရှေ့ဘက်နှင့်အနောက်ဘက်ပိုင်း     ဇွန်လမှ နိုဝင်ဘာလ
 မြောက်ပစိဖိတ်သမုဒ္ဒရာအရှေ့ပိုင်း      ဇွန်လမှ နိုဝင်ဘာလ
 တောင်ပစိဖိတ်သမုဒ္ဒရာအနောက်ပိုင်း     ဒီဇင်ဘာလမှ ဧပြီလ
 ၀ီလီ-၀ီလီ     တောင်အိန္ဒိယသမုဒ္ဒရာအရှေ့ပိုင်း     ဒီဇင်ဘာလမှ ဧပြီလ

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန နေ့စဉ်ခန့်မှန်းချက် ၃-၅-၂ဝ၁ဝ ညနေ ၂း၄၁နာရီ ထုတ်ပြန်ချက်

May 4, 10:18 AM