နည်းပညာ

A – DATA External HDD သည် Rubber Casing ဖြစ်သောကြောင့် ရေစိုခံနိုင်တဲ့ အပြင် မတော်တဆ လွတ်ကျတဲ့ ဒဏ်တွေကိုပါ ခံနိုင်ကြောင်း ပစ္စည်း ထုတ်လုပ်သူ များမှ ပြောကြားခဲ့ပါသည်။


ထို့အပြင် USB Cable ကို Hard Disk တွင် ပါတ်ပြီး သိမ်းထား နိုင်သောကြောင့် Cable ပျောက်ဆုံးခြင်း ပြဿနာမှလည်း လွတ်ကင်း စေနိုင်ပါတယ်။ ကွန်ပျူတာနဲ့ ချိတ် ဆက်အသုံးပြု နေတဲ့ အချိန်တွေမှာ LED မီးနဲ့ အချက်ပြ ပေးနိုင်တဲ့ အပြင် U- Format Program ကိုလည်း အသုံးပြု နိုင်ပါတယ်။ ဒီ U- Format Program ဟာ Password ပေးထားပြီး Size နဲ့ Partition လည်း ပိုင်းထားနိုင်ပါတယ်။ 500 Gb ရှိတဲ့ ဒီ Hard Disk ဟာ တပ်လိုက်တဲ့ အခါမှာ Password မပေးထားတဲ့  အပိုင်းကို မြင်ရပြီး အဲဒီ အပိုင်းမှာ သိမ်းဆည်း နိုင်မှာ ဖြစ်ပါတယ်။ ဒီအပိုင်းထဲကမှ Login / Logout Utility ကို သုံးပြီး Password ရိုက်ထည့်ပြီး ၀င်ရမှာ ဖြစ်ပါ တယ်။ တစ်နှစ်အတွင်း တစုံ တရာ ဖြစ်သွားမယ် ဆိုရင် One – To – One Replacement Warranty ပေးထားပါတယ်။
(ကိုရဲ)




  ဧရာ-မြန်မာ ယူနီကုဒ် စာလုံးများ ဟူသည်
Saturday, 07 November 2009 08:53 Editor
E-mail Print PDF


ဆောင်းပါး သရုပ်ဖေါ် © သိန်းလှိုင် ( လှိုင်းဘွဲ့ )


(က)။ ဧရာ မြန်မာ ယူနီကုဒ် ရဲ့ ရည်ရွယ်ချက်တွေကို ပြောပြပါလား ?


နိုင်ငံတကာမှာ ယူနီကုဒ် လှုပ်ရှား မှုတွေ ၁၉၈၇ ခုနှစ် ကတည်းက စတင် ပေါ်ပေါက်ခဲ့ပြီး၊ ပထမဆုံး Unicode Standard 1.0 ကို ယူနီကုဒ်အဖွဲ့ (Unicode consortium) ကနေ ၁၉၉၂ ခုနှစ် အောက်တိုဘာလမှာ ထုတ်ပြန် ခဲ့ပါတယ်။


အဲဒီနောက် ကမဿဘာသံုး အကဿခရာဇယား (Universal Character Set) ကို ဆက်လက် ပြုစုကြရာမှာ မြန်မာနဲ့ တိုင်းရင်းသား အကဿခရာတွေကို စနစ်တကျ ဇယားချနိုင်ခဲ့ပေမယ့် အဲဒီဇယားအတိုင်း ရာနှုန်းပြည့် အတိအကျ လိုက်နာတဲ့ ယူနီကုဒ် စာလုံးတွေ ပေါ်ပေါက် မလာတဲ့အတွက် အကဿခရာ စံလွဲတဲ့ ပြသဿသနာတွေကို ကြုံတွေ့ ခဲ့ရပါတယ်။ ဥပမာ - ကွန်ပြူတာနဲ့ စာစီရာမှာ ဖြစ်စေ၊ ဖောင့် (Font) ပြောင်းရာမှာ ဖြစ်စေ စာလုံးအရွယ်နဲ့ အထားအသို လွဲမှားတာမျိုးတွေ ကြုံခဲ့ရပါတယ်။ ဒါတင်မက အင်တာနက်မှာ မြန်မာလို ရေးကြဖတ်ကြတဲ့ အခါ ဖောင့်စနစ်တွေ မညီညွတ်တဲ့ အတွက် စာလုံးတွေကို မှန်မှန်ကန်ကန် မမြင်ရတာမျိုး၊ database ထဲမှာ မြန်မာလို သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို စံနစ်တကျ ပြန်လည် ရှာဖွေရာမှာ အခက်အခဲ တွေ့တာမျိုးတွေ ကိုလည်း ကြုံခဲ့ရကြပါတယ်။ နောက်ပြီး ကွန်ပြူတာ သုံးစွဲသူတွေ အနေနဲ့ မြန်မာစာ ရေးထုံးမှာရှိတဲ့ ပင့်၊ ယစ်၊ ဆွဲ၊ ထိုး ဆိုတဲ့ အဖြည့်အကဿခရာ အတို၊ အရှည်တွေကို ရိုက်နှိပ်ရာမှာ မြောက်များစွာသော အပို ခလုပ်တွေကို ခက်ခက်ခဲခဲ မှတ်သားရှာဖွေ ရိုက်နှိပ်ခဲ့ကြ ရပါတယ်။


ဒါကြောင့် အဲဒီလို အခက်အခဲ တွေကို ပြေလည်သွားအောင် ကြိုးပမ်းတဲ့ အနေနဲ့ မြန်မာယူနီကုဒ် ဆွေးနွေးပွဲ တခုကို နောင်တချိန် ဧရာမြန်မာ ယူနီကုဒ်အဖွဲ့ ဖြစ်လာမယ့် အဖွဲ့က ကမကထ ပြုပြီး ထိုင်းနိုင်ငံ ဇင်းမယ် တကဿကသိုလ်မှာ ကျင်းပခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလမှာ ပြုလုပ်တဲ့ ဒီဆွေးနွေးပွဲကို မြန်မာနိုင်ငံ ပြည်တွင်း၊ ပြည်ပက ယူနီကုဒ် ပညာရှင်တွေ၊ ဂရပ်ဖစ် ဒီဇိုင်းပညာရှင်တွေ၊ ဘာသာဗေဒ ပညာရှင်တွေနဲ့ ဘလော့ဂ်ဂါတွေ တက်ရောက် ဆွေးနွေးခဲ့ကြပြီး၊ မတက်ရောက်နိုင်တဲ့ ပညာရှင် တချို့ကတော့ ပညာရပ်ပိုင်းဆိုင်ရာ အချက်အလက်တွေကို ပေးပို့ ဆွေးနွေး ခဲ့ပါတယ်။ ဆွေးနွေးပွဲ ပြီးတဲ့နောက်မှာ လည်းပဲ ဧရာမြန်မာ ယူနီကုဒ် အဖွဲ့ဟာ ပြည်တွင်းပြည်ပ ပညာရှင်တွေနဲ့ စဉ်ဆက်မပြတ် ဆက်လက်ဆွေးနွေး ခဲ့ပါတယ်။ အဲဒီနောက် ရလာတဲ့ အကြံဉာဏ်တွေနဲ့ အတွေ့အကြုံတွေ အပေါ် အခြေခံပြီး ဧရာယူနီကုဒ် အဖွဲ့က အားသွန်ခွန်စိုက် ကြိုးပမ်းခဲ့တာကြောင့် ၂၀၀၉ ခုနှစ် စက်တင်ဘာလမှာ ဧရာမြန်မာ ယူနီကုဒ်ရဲ့ ပထမဆုံး ခြေလှမ်းကို လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။


(ခ) ။ ဧရာမြန်မာ ယူနီကုဒ် က လက်ရှိ မြန်မာ ယူနီကုဒ် ဖောင့်တွေ အကြားမှာ ဘယ်လို ထူးခြားမှုတွေ ရှိပါသလဲ ?


ယေဘုယျ သဘော ပြောရရင်တော့ ယူနီကုဒ်ဖောင့် တခုနဲ့ တခုကြားမှာ သိပ်ကြီးမားတဲ့ ထူးခြားမှုတွေ မရှိနိုင်ပါဘူး။ ဒါပေမယ့် ဧရာမြန်မာ ယူနီကုဒ်ကို နောက်ဆုံးထွက် Unicode Standard 5.2 နဲ့ အခြေခံပြီး ရေးထားတာရယ်၊ Windows PC တွေက Microsoft Office တို့ Adobe တို့လို အရေးကြီးတဲ့ application တွေမှာ အမှားအယွင်း မရှိပဲ သုံးနိုင်တာတွေ၊ ပါဠိ ပါဌ်ဆင့်တွေ အပြင် အခြား တိုင်းရင်းသား စာပေတွေပါ ပါရှိလာတာ ကတော့ ဧရာမြန်မာ ယူနီကုဒ်ရဲ့ ထူးခြားမှုတွေလို့ ဆိုနိုင်ပါတယ်။ နောက်ပြီး ဧရာမြန်မာ ယူနီကုဒ် စာလုံးတွေ ထွက်လာတဲ့ အချိန်မှာ Microsoft Windows ရဲ့ Internet browser တွေဖြစ်ကြတဲ့ Firefox, Opera, Google Chrome, Safari စတာတွေမှာ ဖောင့်ကို မြုပ်ထားလို့ ရတဲ့ font embedding နည်းစံနစ်တွေ ပူးတွဲ ထွက်ရှိနေခဲ့တာ ဟာလည်း ဧရာမြန်မာ ယူနီကုဒ် စာလုံးများကို သုံးစွဲရာမှာ ပိုမိုအဆင်ပြေ လွယ်ကူ စေခဲ့ပါတယ်။ ဒီထက် ပိုပြီး ထူးခြားတာ ကတော့ ဧရာမြန်မာ ယူနီကုဒ် စာလုံးတွေကို ငွေကြေး အမြတ်အစွန်း အတွက် ထုတ်လုပ်ဖြန့်ချီ ခဲ့တာ မဟုတ်ပဲ အများသုံးအတွက် ရည်ရွယ်ပြီး လွတ်လပ်သော နည်းပညာရင်းမြစ် Open Source အနေနဲ့ ထုတ်လုပ် ဖြန့်ချီခဲ့တာ ဖြစ်ပါတယ်။ ဆိုလိုတာ ကတော့ မူပိုင်ခွင့်ကို ဧရာယူနီကုဒ် အဖွဲ့က ပိုင်ဆိုင်ပေမယ့် ထူးခြားတာက ဧရာယူနီကုဒ် စာလုံးတွေကို ဧရာမြန်မာ ယူနီကုဒ်အဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ ဘယ်သူမဆို လွတ်လွတ်လပ်လပ် ထပ်ဆင့်ပြုပြင် ဖန်တီးခွင့် ပေးထားခြင်းပဲ ဖြစ်ပါတယ်။


(ဂ) ။ ဧရာမြန်မာ ယူနီကုဒ်က ပါဠိ ပါဌ်ဆင့်တွေ အတွက် လုပ်ဆောင် ထားတာလေးတွေကို ရှင်းပြပေးပါလား ?


ပါဠိ ပါဌ်ဆင့်တွေနဲ့ ပတ်သက်လို့ လည်းပဲ ပါဠိဘာသာကို နှံ့စပ်ကျွမ်းကျင်တဲ့ ရဟန်းတော်တွေ၊ ဘာသာဗေဒ ပညာရှင်တွေနဲ့ တိုင်ပင်ညှိနှိုင်းပြီးမှ ဧရာမြန်မာ ယူနီကုဒ် စာလုံးတွေကို ရေးဆွဲခဲ့တာမို့ အသုံးအနည်းဆုံး ပါဠိ အကဿခရာတွေ ကိုပါ အခက်အခဲ မရှိ သုံးစွဲနိုင်မှာပါ။ နောက်ပြီး ပါဠိ အကဿခရာတွေကို နေရာ ချစဉ်က (ဧရာမြန်မာ အကဿခရာတွေကို နေရာချစဉ်က အတိုင်း) ကမဿဘာသံုး အကဿခရာ ဇယားနဲ့အညီ အတိအက် နေရာချထား တာကြောင့် စံလွဲတဲ့ ပြသဿသနာ မရှိနိုင်ပါဘူး။ အကယ်၍ သုံးစွဲသူတွေ အနေနဲ့ လက်တွေ့ သုံးစွဲကြည့်လို့ အခက်အခဲ တစုံတရာ တွေ့လာခဲ့မယ် ဆိုရင်တောင် ဧရာမြန်မာ ယူနီကုဒ် အထောက်အကူပြု အဖွဲ့ကနေ ကူညီဖြေရှင်း ပေးသွား နိုင်မှာပါ။


(ဃ) ။ ဧရာမြန်မာ ယူနီကုဒ် သုံးစွဲသူတွေ အတွက် Font converter လုပ်ဆောင်ထားတယ်လို့ သိရပါတယ်။ အဲ့တာနဲ့ ပတ်သက်ပြီး နည်းနည်းလောက် ရှင်းပြပါလား ?


ဇော်ဂျီ၊ မြန်မာ ၁၊ ယူနီကုဒ် ၅.၁ စာလုံးများ၊ ဝင်းဗားမိစ်၊ ဝင်းအင်းဝ၊ ဘီအိုင်တီ (BIT) ဖောင့်တွေကို အခက်အခဲ မရှိ အပြည့်အဝ ပြောင်းလဲပေးနိုင်တဲ့ Ayar Text Tools ခေါ် font converter တမျိုးးကို ဧရာ ဝဘ်ဆိုဒ်မှာ တင်ပေးဖို့ ရှိပါတယ်။ လောလောဆယ်မှာ Myanmar Text Tool ဆိုတာကို တင်ထား ပေးပါတယ်။ Ayar Text Tools ခေါ် font converter ထဲမှာဆိုရင် ဒေတာဘေ့စ်တွေ အပြင်၊ အကဿခရာစဉ်ခြင်း၊ ဝဏ်ဏဖြတ်ခြင်းများ အတွက်ပါ သုံးစွဲတဲ့ ပရိုဂရမ်တခုကို ဧရာမြန်မာ ယူနီကုဒ် အတွက် အခမဲ့ ဝေငှ ပေးထားပါတယ်။ ဒါနဲ့ ပတ်သက်တဲ့ အကြောင်းအရာကို ရေးသားထားတဲ့ အင်တာနက် စာမျက်နှာလိပ်စာ (link) အတိအကျ ကတော့ http://www.ayarunicodegroup.org/faq/myanmar-text-tools-convertor/#more-212 ဖြစ်ပါတယ်။


(င) ။ ဧရာမြန်မာ ယူနီကုဒ်မှာ တိုင်းရင်းသား စာပေတွေ အတွက်လဲ ပါဝင်တယ်လို့ သိရပါတယ်။ တိုင်းရင်းသား စာပေတွေနဲ့ ပတ်သက်တဲ့ အချက်အလက် တွေကို ပြောပြပေးပါလား ?


မြန်မာ တိုင်းရင်းသား စာလုံးတွေကိုလည်း Unicode Standard 5.2 ကို အခြေခံပြီး ဧရာမြန်မာ ယူနီကုဒ် အဖွဲ့က ဖန်တီး နေပါတယ်။ လောလောဆယ်မှာ ကရင် စာပေအတွက် (စကော ကရင်၊ အရှေ့ ပိုးကရင်၊ အနောက် ပိုးကရင်စာ) တွေ အတွက် ဖန်တီး ပေးထားခဲ့ပြီး ဖြစ်ပါတယ်။ တချို့ တိုင်းရင်းသား ယူနီကုဒ် စာလုံးတွေဟာ စမ်းသပ်တဲ့ အဆင့်တခုကို ရောက်နေပြီမို့ မကြာခင်မှာပဲ ဧရာဝဘ်ဆိုဒ်က တဆင့် သုံးစွဲသူတွေ လက်ထဲကို ဖြန့်ချီပေးနိုင် တော့မှာပါ။ တိုင်းရင်းသား စာပေ အတွက်ကိုလည်း အကောင်းဆုံး ဖြစ်အောင် သေသေချာချာ သုတေသနပြုပြီး သက်ဆိုင်ရာ စာပေနယ်က ပုဂဿဂိုလ်တွေ၊ ဘာသာဗေဒ ပညာရှင်တွေ နဲ့ တိုင်ပင်လေ့လာ လုပ်ဆောင်လျှက် ရှိနေပါတယ်။ တိုင်းရင်းသား စာပေတွေနဲ့ ပတ်သက်တဲ့ စာလုံးပြောင်း ပရိုဂရမ် font converter တွေကိုလည်း လိုအပ်ချက်တွေ အပေါ် အခြေခံပြီး၊ ကြိုးပမ်း ပေးသွားဖို့ ရှိပါတယ်။


(စ) ။ ဧရာမြန်မာ ယူနီကုဒ် ကို ဘယ်သူတွေကို အတွက် မျှော်မှန်း ထားခဲ့ပါသလဲ။ လက်ရှိမှာရော ဘယ်သူတွေ စတင် သုံးစွဲနေပြီလို့ ပြောလို့ ရပါသလဲ ? ၊ ဘယ်သူတွေ အတွက် အသုံးကျမယ်လို့ မျှော်လင့်ပါလဲ ?


ဧရာ ဝဘ်ဆိုဒ်က တဆင့် ဖောင့်တွေ၊ Keyboard တွေနဲ့ လက်ကွက်တွေကို download လုပ်ကြတဲ့ လူအရေအတွက် စာရင်းကို http://code.google.com/p/ayarunicode/downloads/list?q=label:im နဲ့ http://code.google.com/p/ayarunicode/downloads/list?q=label:ttf မှာ တွေ့နိုင်ပါတယ်။ သို့သော် ဒါဟာ download လုပ်ကြတဲ့ အရေအတွက် စာရင်းသာ ဖြစ်ပြီး ဘယ်လို ပုဂဿဂိုလ်မျိုးတွေက ဘယ်လို ရည်ရွယ်ချက်နဲ့ သုံးစွဲမယ် ဆိုတာကိုတော့ မှတ်တမ်း တင်ထားနိုင်တာ မရှိလို့ အတိအကျ ပြောနိုင်မှာ မဟုတ်ပါဘူး။


ဧရာမြန်မာ ယူနီကုဒ် စာလုံးတွေဟာ ပုံမှန် ကွန်ပြူတာ စာရိုက်ရာမှာ ဖြစ်စေ၊ ပုံနှိပ်လုပ်ငန်း အတွက် သုံးစွဲရာမှာ ဖြစ်စေ၊ အင်တာနက်ပေါ်မှာ ဖြစ်စေ၊ အမှားအယွင်း မရှိပဲ အလွယ်တကူ သုံးစွဲနိုင်တာကြောင့် ကျောင်းသားတွေနဲ့ ရုံးလုပ်ငန်း လုပ်ကိုင်သူတွေ၊ ကွန်ပြူတာ စာစီစာရိုက် လုပ်ငန်း လုပ်ကိုင်သူတွေနဲ့ ဂရပ်ဖစ် ဒီဇိုင်း ပညာရှင်တွေ အပြင် အင်တာနက် သုံးစွဲကြသူ တွေပါ တစထက် တစ တိုးမြှင့် သုံးစွဲလာကြလိမ့်မယ်လို့ ဧရာမြန်မာ ယူနီကုဒ် အဖွဲ့က ခန့်မှန်းပါတယ်။ ဒါကလည်း မြန်မာစာနဲ့ တိုင်းရင်းသား စာလုံးတွေကို ရေးသား သုံးစွဲကြသူတွေ အားလုံးနဲ့ အကျုံးဝင်တာမို့ ဧရာမြန်မာ ယူနီကုဒ် စာလုံးတွေကို သူတို့ အားလုံးအတွက် ရည်ရွယ် ဖန်တီးထားတာလို့ ပြောနိုင်ပါတယ်။


(ဆ) ။ Microsoft မဟုတ်ဘဲ Mac ခေါ် မက်ကင်တော့ရှ် တို့ လင်းနတ်တို့ မှာရောသုံးလို့ ရပါသလား ?


Mac မှာ ဧရာမြန်မာ ယူနီကုဒ် စာလုံးတွေကို အသုံးပြုတဲ့ အခါ Adobe အုပ်စုဝင် application တွေဖြစ်ကြတဲ့ Photoshop, InDesign နဲ့ Illustrator တို့ကလွဲလို့ တခြား application တွေမှာ ligature ပြသဿသနာတွေ ရှိနေဆဲ ဖြစ်ပါတယ်။ Mac မှာသုံးတဲ့ Internet browser တွေမှာလည်း ligature ပြသဿသနာတွေ ရှိနေ ပါသေးတယ်။ ဒါပေမယ့်လည်း Mac Internet browser တွေမှာ ဧရာမြန်မာ ယူနီကုဒ် စာလုံးတွေကို သုံးမယ်ဆိုရင် Safari သုံးတာက Firefox သုံးတာထက် ပိုပြီး အဆင်ပြေပါတယ်။ Mac application တွေနဲ့ browser တွေ အားလုံးမှာ ဧရာမြန်မာ ယူနီကုဒ်စာလုံးတွေကို အခုထက် ပိုပြီး အဆင်ပြေပြေ သုံးနိုင်အောင် ဧရာယူနီ ကုဒ် အဖွဲ့က ဆက်လက် ကြိုးပမ်းနေပါတယ်။


(ဇ) ။ Unicode Standard 5.2 က ဘာလို့များ Unicode Standard 5.1 နဲ့ မတူဘဲေ-- နဲ့ြ-- က ရှေ့ရောက်သွားတာလဲ ဆိုတာ ရှင်းပြ ပေးပါလား ?


သေဝထိုးနဲ့ ယရစ္ကို ကမဿဘာသံုး အကဿခရာဇယား (Universal Character Set) အတွင်း နေရာချတဲ့ ကိစဿစမှာ Unicode 5.2 နဲ့ Unicode 5.1 က ကွာခြားမှု မရှိပါဘူး။ တကယ်တော့ သဝေထိုးနဲ့ ယရစ် ကိစဿစဟာ Unicode Standard version ကွာခြားမှုနဲ့ မသက်ဆိုင်ပဲ encoding system ကိစဿစနဲ့သာ သက်ဆိုင်ပါတယ်။ ယူနီကုဒ် အဖွဲ့ (Unicode Consortium) က လောလောဆယ် အတည်ပြုထားတဲ့ မြန်မာစာ ရေးထုံး ဖွဲ့စည်းမှု စံနစ် (Myanmar Character Encoding System) ထဲက သဝေထိုးနဲ့ ယရစ် တွဲဖက် ရေးထုံးကို application အများစုက အသိအမှတ် မပြုကြပါဘူး။ ဒါကြောင့် သဝေထိုးနဲ့ ယရစ် နေရာလွဲတဲ့ ပြသဿသနာဟာ မြန်မာယူနီကုဒ် စာလုံး စံနစ်တိုင်းမှာ ကြုံတွေ့ နေရတဲ့ ပြသဿသနာ ဖြစ်ပါတယ်။ ဒီ encoding ပြသဿသနာကို application တွေက ဖြေရှင်း မပေးသရွေ့ သဝေထိုးနဲ့ ယရစ် ပြသဿသနာ ရှိနေဦးမှာ ဖြစ်ပါတယ်။ ဒီပြသဿသနာကို မြန်မာ ယူနီကုဒ် စာလုံး ဖန်တီးသူတွေက ဖြေရှင်းပေးလို့ မရတဲ့ အပြင်၊ ဒီပြသဿသနာ ပြေလည်သွားတဲ့ အထိ မြန်မာ ယူနီကုဒ် စာလုံးတွေကို ပိုမို ကောင်းမွန်အောင် ထပ်မရေးပဲ ထိုင်စောင့်နေဖို့ ဆိုတာလည်း မဖြစ်သင့်ပါဘူး။ ဒါကြောင့် ဒီပြသဿသနာကို ချွင်းချက်တခု အဖြစ် လက်ခံပြီး ဧရာယူနီကုဒ် စာလုံးတွေကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။


တကယ်တော့ ဒီလို encoding ပြသဿသနာမျိုးကို အရှေ့တိုင်းက စာရေးထုံး စံနစ် အများစု - ဥပမာ အိနဿဒိယပြည်သုံး ဒေဝနာဂရီ (Devanagari) နဲ့ တရုတ်၊ ဂျပန်၊ ကိုရီးယား စာရေးနည်း စံနစ်တွေမှာ ကြုံနေရဆဲ ဖြစ်ပါတယ်။ အကယ်၍ Unicode Consortium က လောလောဆယ် အတည်ပြုထားတဲ့ မြန်မာစာ ရေးထုံး စံနစ်ထဲက သဝေထိုးနဲ့ ယရစ် တွဲဖက် ရေးထုံးကို ပြင်ဆင်ပေဖို့ မြန်မာ ယူနီကုဒ် အဖွဲ့တွေက တညီတညွတ်တည်း တောင်းဆိုနိုင်မယ် ဆိုရင်တော့ ဒီပြသဿသနာကို ရှောင်လွှဲကောင်း ရှောင်လွှဲနိုင်ပါလိမ့်မယ်။ ဘာပဲပြောပြော မြန်မာ လက်နှိပ်စက် စံနစ်ကို အခြေခံတဲ့ ဧရာမြန်မာ ယူနီကုဒ် ရေးထုံးဟာ သဝေထိုးနဲ့ ယရစ် တွဲဖက်ရေးထုံး ကလွဲလို့ ယူနီကုဒ်အဖွဲ့ (Unicode Consortium) က အတည်ပြု ထားတဲ့ မြန်မာစာ ရေးထုံးမူနဲ့ တထပ်တည်း ကျတဲ့အတွက် သိပ်ကြီးမားတဲ့ ပြသဿသနာ မဟုတ်ဘူးလို့ ဆိုနိုင်ပါတယ်။


(ဈ) ။ ဧရာမြန်မာ ယူနီကုဒ် စာလုံး ရဲ့ Normalization အကြောင်း၊ rendering အကြောင်းလည်း ရှင်းပြပေးပါဦး ?


Normalization ဆိုတာ သတ်မှတ်ထားတဲ့ စံ၊ ရေးထုံးအတိုင်း ဖြစ်လာအောင် လုပ်ဆောင်ခြင်းကို ဆိုလိုပါတယ်။ Normalization ဆိုတာထက် Text Normalization ဆိုရင် ပိုပြီး သင့်တော်ပါတယ်။ စာရေးသားသူ တွေက အမျိုးမျိုး ရေးသားထားတဲ့ ပုံစံကို သတ်မှတ်ထားတဲ့ စံအတိုင်း ပြန်လည်း ပြောင်းယူတာကို ဆိုလိုတာပါ။ ဥပမာ အနေနဲ့ ကိုကိုရေ ကို ရိုက်မယ်ဆိုပါတော့ ... (တချို့က ကကြီးပြီး၊ လုံးကြီးတင် တချောင်ငင် က--ိ-ု က--ိ-ုရေ လို့ ရိုက်ကြမယ်။ တချို့က ကကြီးပြီး၊ တချောင်ငင်၊ လုံးကြီးတင် က--ု-ိ က--ု-ိ ရေ လို့ ရိုက်ကြမယ်။) အဲဒါတွေကို သတ်မှတ်ထားတဲ့ စံတခု အနေနဲ့ ပြန်လည် ပြုစုတာကို ပြောတာပါ။ ဆိုလိုတဲ့ ရည်ရွယ်ချက်က အသံတူ၊ အကြောင်းတူ အကဿခရာတွေကို လိုအပ်တာထက် ပိုနေရင် ဖြုတ်ပစ်တာမျိုးကို ပြောတာပါ။ ဥပမာ တချောင်းငင် အတိုနဲ့ အရှည်ကို ကြည့်မယ်ဆိုရင် အဓိပဿပါယ်ရော အသုံးအနှုန်းပါ တူတာကြောင့် Unicode ဇယားမှာ တလုံးတည်းသာ နေရာ ပေးထားတာမျိုးကို ဆိုလိုပါတယ်။ အလားတူပဲ ဝိုက်ချနဲ့ မောက်ချ တွေကိုလည်း တလုံးတည်း ထားနိုင်အောင် ကြိုးစားရပါတယ်။ ဒါပေမယ့် တိုင်းရင်းသား ဘာသာ စကားတခုဖြစ်တဲ့ ပိုးကရင်ရဲ့ ရေးထုံးမှာ မောက်ချကို မဖြစ်မနေ သုံးရမယ့် အနေအထားမျိုးကြောင့် ဝိုက်ချရော၊ မောက်ချကိုပါ Unicode ဇယားမှာ ထည့်ထားရတဲ့ အနေအထားမျိုးလည်း ရှိပါတယ်။


ဧရာမြန်မာ ယူနီကုဒ် စာလုံးတွေဟာ ယရစ် (ြ  ) တခုကလွဲရင် မြန်မာစာရေးထုံး အတိုင်းပဲ အခြေခံ ထားပါတယ်။ ပုံမှန်အားဖြင့် Normalization ဆိုတာကို ကိုတခြား ပရိုဂရမ် တခုအတွင်းမှာ သွားရောက် လုပ်ဆောင်ရတာ ဖြစ်ပါတယ်။ Normalization ကို အတိုင်းအတာ တခုအထိ လုပ်ပေးနိုင်တဲ့ software ကိုလည်း ဧရာ အင်တာနက် စာမျက်နှာမှာ မည်သူမဆို အခမဲ့ ရယူနိုင်အောင်လည်း စီစဉ်နေပါတယ်။ Rendering ရဲ့ အဓိပဿပါယ်ကို မြန်မာလို ဆီလျော်မယ့် စကားလုံးက ပုံဖော်ခြင်းပါ။ ပရိုဂရမ် အများစုမှာ တိုက်ရိုက်ပုံ ဖော်ပြီးသား မရှိတဲ့ ကိစဿစလိုမျိုး၊ ဥပမာ 3D လိုဟာမျိုးမှာ indirect setup လုပ်ပြီး အချောသတ် ကြည့်လိုတဲ့အခါ rendering လုပ်တဲ့ သဘောပါ။ Rendering မှာ မြန်မာစာ ရေးထုံးအရ အသံတူ၊ အကြောင်းတူ ဖြစ်ပေမယ့် အမြင်အားဖြင့် မတူတဲ့ နေရာတွေမှာ စာလုံးတွေရဲ့ ပုံသဏဿဌာန်တွေကို အလျဉ်းသင့်သလို ပြောင်းပေးတာမျိုးကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အထက်ပါ တချောင်းငင် အတိုအရှည် ဥပမာကိုပဲ ကြည့်မယ်ဆိုရင် တချို့နေရာမှာ တချောင်းငင်ကို အတိုအနေနဲ့ အသုံးပြုပြီး၊ တချို့နေရာတွေမှာ အရှည်ကို အသုံးပြုရတာမျိုးပဲ ဖြစ်ပါတယ်။ ဧရာမြန်မာ ယူနီကုဒ် စာလုံးတွေဟာ ကမဿဘာသံုး အကဿခရာဇယား (Universal Character Set) အတွင်း နေရာချတဲ့ အတိုင်း လိုက်နာထားပြီး open type rander ကို အခြေခံပြီးတော့ ဖန်တီးထားခဲ့တာလို့ ပြောနိုင်ပါတယ်။


ဥပမာ။


သဏဌာန် လို့ ရိုက်ရင် သဏဿဌာန်


စဏဍာ လို့ ရိုက်ရင် စဏဿဍာလ


မဟာသမုဒဿဒပိဌေ လို့ ရိုက်ရင် မဟာသမုဒဿဒပိဋေဿဌ


စတဲ့ စကားလုံးပေါင်း များစွာကို သေချာလေ့လာ စီစစ်ပြီး၊ သုံးစွဲသူတွေ အတွက် များစွာ လွယ်ကူစေမယ့် Auto Rendering များကို ထည့်သွင်းပြုစု ဖန်တီး လုပ်ဆောင် ထားပါတယ်။


(ည) ။ အားသာချက်၊ အားနည်းချက်တွေ ရှိပါသလား ?


ဧရာမြန်မာ ယူနီကုဒ် စာလုံးစံနစ်မှာ အားနည်းချက် တွေရော၊ အားသာချက်တွေပါ ရှိပါတယ်။ လက်ရှိ မြန်မာ ယူနီကုဒ် စာလုံးတွေ အားလုံးရဲ့ အားနည်းချက်က Apple ဖြစ်တဲ့ Mac မှာ ကောင်းကောင်း အလုပ် မလုပ်သေးခြင်း ပါပဲ။ ဧရာမြန်မာ ယူနီကုဒ် စာလုံး စံနစ်မှာလည်း ဒီပြသဿသနာ ရှိနေဆဲ ဖြစ်ပေမယ့် Mac Adobe application တချို့မှာ အခက်အခဲမရှိ အသုံးပြုနိုင်အောင် ဆောင်ရွက် ပေးထားပါတယ်။ အားသာချက် ကတော့ ဧရာမြန်မာ ယူနီကုဒ် စာလုံးကို နောက်ဆုံးထွက် Unicode 5.2 ကို အခြေခံပြီး ဖန်တီး ထားနိုင်ခဲ့တာ ပါပဲ။ နောက်တခုက ဧရာမြန်မာ ယူနီကုဒ် သုံးစွဲသူတွေဟာ မိမိ စိတ်တိုင်းကျ ဧရာမြန်မာ ယူနီကုဒ် စာလုံးဒီဇိုင်း အမျိုးမျိုးကို ရွေးချယ် သုံးစွဲနိုင်တာကြောင့် သုံးစွဲသူတွေ အနေနဲ့ ပိုပြီး စိတ်တိုင်းကျ နိုင်ပါလိမ့်မယ်။ လက်ရှိ ထွက်ခဲ့ပြီးတဲ့ မြန်မာ ယူနီကုဒ် စာလုံးတွေ မှာ မြန်မာ တိုင်းရင်းသား စာပေတွေအတွက် ထည့်သွင်း ပေးထားတာတွေ မရှိသေးပါဘူး။ ဧရာမြန်မာ ယူနီကုဒ် စာလုံးမှာ အဲ့တာတွေကို ဖြည့်ဆည်း ပေးထားပါတယ်။ ဧရာမြန်မာ ယူနီကုဒ် စာလုံးတွေကို ၂၀၁၀ ခုနှစ် ဖေဖော်ဝါရီ လလောက်မှာ ဆိုရင် ဧရာမြန်မာ ယူနီကုဒ် စာလုံးစနစ် တခုတည်းနဲ့ မြန်မာ တိုင်းရင်းသား စာပေတွေကို ဖတ်ရှု ရေးသားလာနိုင်မှာမို့ ဒါကိုလည်း ဧရာရဲ့ အားသာချက်တခု အဖြစ် ရှုမြင်နိုင်ပါတယ်။


(ဋ) ။ ဆိုလိုတာက ဧရာမြန်မာ ယူနီကုဒ် စာလုံးတလုံး ရှိယုံနဲ့ မြန်မာ တိုင်းရင်းသား စာပေတွေကိုပါ ရေးသားနိုင် ဖတ်ရှုနိုင်မယ်လို့ ပြောတာလား ?


ဟုတ်ပါတယ်။ ဧရာမြန်မာ ယူနီကုဒ် စာလုံးတလုံး ရှိယုံနဲ့ မြန်မာ တိုင်းရင်းသား စာပေတွေကိုပါ ရေးသားနိုင် ဖတ်ရှု နိုင်ပါတယ်။ အဲ့တာမှ ယူနီကုဒ် စာလုံးဆိုတဲ့ ပြည့်ဝတဲ့ ဖန်တီးမှုတခု ဖြစ်လာမှာပါ။ ယူနီကုဒ် စာလုံးများ ဆိုတာ မည်သည့် ယူနီကုဒ် စာလုံးတလုံး ရှိယုံမျှဖြင့် မည်သည့် ဘာသာစကားကို မဆို လွယ်လင့်တကူ ဖတ်ရှုရေးသား နိုင်အောင်ဆိုပြီး စံ သတ်မှတ်ချက် အဖြစ်နဲ့ ယူနီကုဒ် စံ ဆိုပြီး ရေးသားခဲ့တာပါ။ ဧရာမြန်မာ ယူနီကုဒ် စာလုံးတွေမှာ အဲ့တာတွေ အတွက် ယူနီကုဒ် ကွန်ဆိုတီယမ်က သတ်မှတ်ထားတဲ့ ယူနီကုဒ် ၅.၂ ဆိုတဲ့ ဗားရှင်းမှာပါတဲ့ မြန်မာစာ၊ တိုင်းရင်းသား စာတွေအတိုင်း ပြင်ဆင် ပေးထားပါတယ်။ လက်တလော အနေနဲ့ တိုင်းရင်သား စာပေတွေ အားလုံး အတွက် မရေးသား နိုင်သေးမယ့် ၅၀% ဖတ်ရှုနိုင်ပါတယ်။ ယူနီကုဒ် စာလုံးဆိုတာ လူမျိုးတမျိုး၊ စာပေ တခုအတွက် ဖန်တီးပေး နိုင်ယုံမျှနဲ့ ပြည်စုံတယ်လို့ မဆိုလို ပါဖူး။ မြန်မာ ယူနီကုဒ် ဆိုတာနဲ့ မြန်မာ ယူနီကုဒ်အတွက် ပေးထားတဲ့ သတ်မှတ်ထားတဲ့ ဗားရှင်းအလိုက် အချက်အလက်တွေ အားလုံး ပါဝင်မှသာ ပြည်စုံတယ်လို့ ဆိုပါတယ်။ လက်ရှိမည့်သည့် မြန်မာ ယူနီကုဒ် စာလုံးကမျှ မြန်မာ တိုင်းရင်းသား စာပေတွေအတွက် ထည့်သွင်း ပေးထားတာ၊ ရေးသား ဖတ်ရှုနိုင်အောင် စွမ်းဆောင် ပေးနေတဲ့ သူတွေ မရှိသလောက် ပါဘဲ။ အဲဒီလို လိုအပ်ချက်တွေ အားလုံးအတွက် ဧရာမြန်မာ ယူနီကုဒ် အဖွဲ့ဟာ သက်ဆိုင်ရာ ပညာရှင်တွေ အားလုံးနဲ့ သေခြာ တိုင်ပင် လုပ်ဆောင်နေပါတယ်။


(ဌ) ။ ရှေ့ဆက် အစီအစဉ်တွေ စာဖတ်သူတွေကို ပြောပြပေးပါဦးလား ?


ဧရာမြန်မာ ယူနီကုဒ် အဖွဲ့ အနေနဲ့ Apple ဖြစ်တဲ့ Mac မှာပါ ဧရာမြန်မာ ယူနီကုဒ် စာလုံးတွေကို ရာနှုန်းပြည့် သုံးလာနိုင်ဖို့ရယ်၊ တိုင်းရင်းသား ယူနီကုဒ် စာလုံးတွေကို မကြာခင် ဖန်တီး ထုတ်ဝေနိုင်ဖို့ရယ်၊ နောက်ပြီး သုံးစွဲသူတွေ တိုးပွားလာတာနဲ့ အမျှ သူတို့ အတွက် ပံပိုး ကူညီမှုတွေ၊ လိုအပ်ချက် တွေကို အခုထက်ပိုပြီး ဖြည့်ဆည်း ပေးနိုင်ဖို့ရယ်၊ ဒါတွေ အားလုံးဟာ ဧရာမြန်မာ ယူနီကုဒ် အဖွဲ့ရဲ့ ရှေ့ဆက် အစီအစဉ်တွေ ဖြစ်ပါတယ်။


(ဍ) ။ ဧရာမြန်မာ ယူနီကုဒ် စာလုံးများဟာ တခြား ယူနီကုဒ် စာလုံးများလို ဝင်းဒိုးရဲ့ စံနစ်တခုခု hack ထားပါသလား။ အဲ့ဒီ အကြောင်းလေးတွေ ပြောပါပေးပါ ?


ဧရာမြန်မာ ယူနီကုဒ် စာလုံးများဟာ မည်သည့် ဝင်းဒိုးစံနစ်ကို (Windows family of operating systems) မှ ပြင်ဆင်ခြင်း (Hack) ပြုလုပ်ထားတာ မရှိပါဘူး။ အဲ့လို ပြင်ဆင်ခြင်း (Hack) ပြုလုပ်ခြင်းဟာ မှန်ကန်တဲ့ လုပ်ရပ် မဟုတ်ဘူးလို့ ယူဆ မိပါတယ်။ ဧရာမြန်မာ ယူနီကုဒ် အဖွဲ့ အနေနဲ့ အင်စတော်လာ ဖန်တီးပေးရမှာလည်း ဖောင့်နဲ့ လက်ကွက် ၂မျိုးထဲကိုသာ အလွယ်တကူ သုံးစွဲနိုင်အောင် လုပ်ဆောင် ပေးထားသာ ဖြစ်ပြီးတော့ သုံးစွဲသူ ပိုင်ရှင်များ (USER) ရဲ့ ခွင့်ပြုချက် မရှိဘဲ၊ မည်သည့် အချက်အလက် များကိုမှ ပြင်ဆင်ခြင်း၊ ထည့်သွင်းခြင်း မရှိပါဘူး။ ဧရာမြန်မာ ယူနီကုဒ် အင်စတော် (Ayar Installer) တွေရဲ့ ဖိုင်ဆိုဒ်ကို ကြည့်မယ်ဆိုရင် သိသာပါတယ်။ ၁ အမ်ဘီ(1MB)တောင် မပြည့်ပါဘူး။ ဧရာမြန်မာ ယူနီကုဒ်အဖွဲ့ အနေနဲ့ တခြား ဖန်တီးထားခဲ့တဲ့ သူတွေလို ပိုင်ရှင်ရဲ့ နည်းပညာဆိုင်ရာ အားနည်ချက်တွေကို အခွင့်ကောင်းယူပြီး၊ မည်သည့်အခါမှ လုပ်ဆောင်မှာ မဟုတ်သလို၊ သုံးစွဲမည့်သူတွေ အတွက် လိုအပ်မယ့် အချက်အလက် တွေကို နည်းပညာ ထောက်ကူပြု စာမျက်နှာကသာ သုံးစွဲမည့်သူတွေ အတွက် အမှန်တကယ် လိုအပ်မယ့် အချက်အလက်တွေကို ရေးသားတင်ပြ ပေးသွားမှာသာ ဖြစ်ပါတယ်။ ဧရာမြန်မာ ယူနီကုဒ် အဖွဲ့ သုံးစွဲနေသူ ပိုင်ရှင်များရဲ့ နည်းပညာဆိုင်ရာ အားနည်ချက် တွေကို အခွင့်ကောင်းယူပြီး၊ မိမိ ဖန်တီးထားတာမှ ကောင်းတယ် အဆင်ပြေတယ်လို့ ထင်တတ်တဲ့ အဖွဲ့အစည်း မဟုတ်ပါဘူး။ အထက်မှာ ပြောခဲ့သလို လိုအပ်ချက်တွေ အရ စုစည်း ဖန်တီး ပေးထားခဲ့မို့လို့ ဧရာမြန်မာ ယူနီကုဒ် စာလုံးစံနစ်ကြောင့် မည်သည့် ကွန်ပြူတာ စံနစ်ကိုမှ ထိခိုက် ဖျက်ဆီးစရာ မရှိပါဘူး။ အဲ့လောက်နဲ့ဘဲ လုံလောက်ပြီ ထင်ပါရဲ့။


(ဎ) ။ ဧရာမြန်မာ ယူနီကုဒ် အဖွဲ့ အနေနဲ့ စာဖတ်သူတွေကို တခြား ဘာများ ပြောချင်ပါသေးလဲ? ပြောစရာ တွေများ ရှိပါသေးလား ? ပြောစရာများရှိရင် ပြောပါလား ?


ယူနီကုဒ် စာလုံးတွေဟာ မတူညီတဲ့ လိုအပ်ချက်တွေ ရှိကြတဲ့ လူတွေ အားလုံးအတွက် ခြုံငုံ လုပ်ဆောင်ရတာ ဖြစ်လို့ လူတိုင်း အတွက် ဒေါင့်ပေါင်းစုံမှာ ရာနှုန်းပြည့် အဆင်ပြေအောင် လုပ်ပေးနိုင်ဖို့ ဆိုတာ မဖြစ်နိုင် သလောက်နီးပါး ခက်ခဲပါတယ်။ ဒါပေမယ့် ဒါကိုပဲ ကောင်းသော စိန်ခေါ်မှုတခု အဖြစ် ဧရာ ယူနီကုဒ် အဖွဲ့က ခံယူပြီး၊ အောင်မြင်မှု မရ-ရအောင် မဖြစ်မနေ ကျော်လွှားကြဖို့ သံနဿနိဋဿဌာန် ချထားကြပါတယ်။ သို့သော် အဲဒီလို အောင်မြင်မှုမျိုးကို ရနိုင်ဖို့ ဆိုတာက ဧရာမြန်မာ ယူနီကုဒ် အဖွဲ့ အနေနဲ့ ယူနီကုဒ် စာလုံးတွေကို သုံးစွဲကြသူတွေ ထံကရော ဧရာမြန်မာ ယူနီကုဒ်အဖွဲ့ ပြင်ပက ယူနီကုဒ် ပညာရှင်တွေ ထံကပါ အကြံပေး ကူညီမှုတွေ လိုအပ်ပါတယ်။


စောစောက ပြောခဲ့သလိုပဲ ဧရာမြန်မာ ယူနီကုဒ် စာလုံးတွေကို ဖန်တီး တီထွင်တာဟာ စီးပွားရေး အကျိုးအမြတ် တစုံတရာ အတွက် မဟုတ်ပဲ တိုင်းရင်းသား စာပေများ အပါအဝင် ဖြစ်တဲ့ မြန်မာ စာပေလောက၊ မြန်မာ ကွန်ပြူတာ နည်းပညာ လောကနဲ့ (ဘလော့ဂ်ဂါများ အပါအဝင်) မြန်မာ အင်တာနက် လောကတို့ကို နိုင်ငံတကာ အဆင့်မီ ဖွံ့ဖြိုးတိုးတက် စေချင်တဲ့ စေတနာနဲ့ ဖန်တီး တီထွင်ခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီသဘောထားမျိုး ရှိသူ မည်သူမဆိုရဲ့ အားပေးကူညီမှုကို ဧရာမြန်မာ ယူနီကုဒ် အဖွဲ့က တန်ဘိုးထားပြီး ကြိုဆိုပါတယ်။


ဧရာမြန်မာ ယူနီကုဒ် အဖွဲ့ဟာ ၂၀၀၉ ခုနှစ်မှာ ဧရာမြန်မာ ယူနီကုဒ် စာလုံးများ ဖြစ်မြောက်ရေး အတွက် စတင် ဆွေးနွေးတိုင်ပင် ခဲ့တဲ့ ရလဒ်တွေကို အကောင်အထည် ဖေါ်ခဲ့တာသာ ဖြစ်ပါတယ်။ လာမည့် ၂၀၁၀ ဖေဖေါ်ဝါရီမှာ ထပ်မံတွေ့ဆုံ စည်းဝေးကြပြီး၊ အားနည်းချက် အားသာချက်တွေကို ပြန်လည်သုံးသပ်ပြီး၊ ဧရာမြန်မာ ယူနီကုဒ် စာလုံး သုံးစွဲသူတွေ အတွက် အကောင်းဆုံးသော ရလဒ်များ ပေးသွားနိုင်အောင် ကြိုးစားနေပါတယ်လို့ ပြောလိုက်ပါရစေ။


အခုလို ဖြေကြားခွင့် ရတဲ့အတွက် လူထုအသံ ဝိုင်းတော်သားတွေကို ကျေးဇူးတင်ပါတယ်။


ဧရာမြန်မာ ယူနီကုဒ် အဖွဲ့။
Last Updated ( Thursday, 21 January 2010 12:43 )