မြန်မာသတင်း

အပစ်ရပ်အပေါ်နအဖသတိပေးထားသည့် ဒက်လိုင်းကြောင့် ၀ တပ်နှင့်  တိုက်ပွဲဖြစ်လျှင် လားဟူ BGF တပ်ရင်း သစ်အား ရှေ့ပြေးတပ် အဖြစ်အသုံးပြုရန်အတွက် ပြင်ဆင်မှုပြုလုပ်ခိုင်းသဖြင့်ထွက်ပြေးကြခြင်း ဖြစ်သည်ဟု စုံစမ်း သိရှိရပါသည်။
“ဒီအပတ်ထဲဘဲ စတင် ထွက်ပြေးကြတယ်။ ဆယ်ဂဏန်းလောက်ရှိမယ်။ အိမ်ပြန်ပြီး ဘိန်းခြံဘဲလုပ်တော့မယ် ပြောတယ်”- ဟု ထွက်ပြေးသည့်လားဟူတပ်သားသစ်အချို့နှင့် ရင်းနှီးသည့် သျှမ်း - လားဟူ ကပြားတဦးက ပြောပါသည်။
ဧပြီ ၁၉ ရက် မိုင်းတုံမြို့နယ် ပုံပါကျင်အခြေစိုက် နအဖ စစ်ဗျူဟာမှူးက လားဟူ (ပြည်သူ့စစ်) နယ်ခြားစောင့် တပ်အကြီး အကဲ များအား အစည်းအဝေးဆင့်ခေါ်ခဲ့ကြောင်း၊ ထိုအစည်းအဝေးတွင် - ဖြစ်ပေါ်နေသည့်နိုင်ငံရေး အရ ၀ တပ်ဖွဲ့ အသွင်ပြောင်းရန်အာခံခဲ့ပါက ကူညီတိုက်ခိုက်ဖို့ လားဟူတပ်ဖွဲ့ အသင့်ပြင်ဆင်ထားရန် မှာကြားခဲ့ပြီးနောက် ဤကဲ့သို့ တပ်ပြေးကြခြင်းဖြစ်သည်ဟု ဆိုသည်။

“လားဟူအမျိုးသားတွေရဲ့ ပင်ကိုယ်စရိုက်က တိုက်ပွဲမရှိဘဲနဲ့ စစ်တပ်ထဲမှာ အချိန်ပြည့်နေလေ့မရှိဘူး၊ ထိုးစစ်ထက် ပြောက်ကျားစနစ်နဲ့ ခံစစ်ကသူတို့ပိုအားသန်တယ်။ အခုဟာကလဲ ၀ နဲ့လားဟူက ဘိုးဘေး စဉ်ဆက်အတူနေ လာခဲ့ တယ်လေ၊ သူတို့မတိုက်ချင်ဘူး၊ နောက်တခုက နအဖ လစာစပေးနေတယ် ဆိုပေမယ့် သူတို့အတွက် မလုံလောက်ဘူး၊ ဘိန်းခြံလုပ်ရရင်အဲ့ထက် ၁၀ ဆ မက ရတယ်လေ”
-အမည်မဖေါ်လိုသည့် လားဟူအသိုင်းအ၀ိုင်းတဦးကပြောပါသည်။

လားဟူနယ်ခြားစောင့်တပ်ဖွဲ့ တပ်ရင်းမှူး ဂျပီးကွယ်၏ (နအဖ အပ်နှင်းထားသည့်) ဗိုလ်မှူးရာထူး လစာငွေမှာ ကျပ် ၁ သိန်း ၇ သောင်း၊ ဒုတပ်ရင်းမှူး ဗိုလ်ကြီးရာထူး လစာငွေကျပ် ၁ သိန်း ၂ သောင်း၊ အခြေခံတပ်သား လစာမှာမူ ကျပ်ငွေ ၄ သောင်း ၅ ထောင် ပေးမည်ဟုပြောသော်လည်း အခုချိန်ထိမရသေးဟု ထိုင်းနယ်စပ် ရောက် အမည်မဖေါ်လိုသည့် လားဟူတပ်သား တဦးက အတည်ပြုပါသည်။

လက်ရှိ ဂျပီးကွယ်ဦးဆောင်သည့် လားဟူ နယ်ခြားစောင့်တပ်ရင်း (အမှတ် ၁၀၀၇ ) တွင် အင်အား ၂၉၆ နှင့် နအဖ အရာရှိ ၃၀ အဆင်သင့်ရှိနေပြီဖြစ်သော်လည်း လက်နက်အလက်တစ်ရာခန့်သာရှိသေးသည်ဟု ဆိုသည်။

၎င်းလားဟူပြည်သူ့စစ်တပ်ဖွဲ့ နယ်ခြားစောင့်တပ်အသွင်ကူးပြောင်းပွဲကို မတ်ခ်ျ ၃၁ ရက်နေ့က စရဖ အရာ ရှိချုပ် နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေး ဖေါ်ဆောင်ရေးကော်မတီဥက္ကဌ ဒုဗိုလ်ချုပ်ကြီးရဲမြင့်၊ သျှမ်းပြည်နှင့် ကရင်နီပြည်တိုင်းချုပ်ဒုဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်တို့ကိုယ်တိုင် အခမ်းအနားတက်ရောက် ရာထူးချီးမြင့်ခဲ့သည်။



သျှမ်းပြည်တပ်မတော်ဟုဆိုကာ တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖ စတင်တိုက်ခိုက်

E-mail Print
တောင်ပိုင်း ၀ ပြည်သူများ တိုက်ပွဲသတင်းနှင့်ပါတ်သက်၍ စိုးရိမ်ထိပ်လန့်ရှောင်တိမ်းနေချိန် ၀ တပ်ဖွဲ့အား သျှမ်းပြည် တပ်မတော်တပ်ဖွဲ့ဟုဆိုကာ နအဖဘက်မှ တိုက်ပွဲနှစ်ကြိမ် စတင်တိုက်ခိုက်သည်ဟု စုံစမ်းသိရှိရ ပါသည်။

“နအဖ က အရင် စပစ်လို့ ကျနော်တို့ပြန်တိုက်ရတယ်။ နှစ်ကြိမ်စလုံး နအဖ က စပစ်တာ၊ ကျနော်တို့ဘက် သေကြေ ဒဏ်ရာရတာမရှိဘူး” - ဟု အမည်မဖေါ်လိုသည့် ၀ အရာရှိငယ်တဦး က ပြောပါသည်။

ဧပြီ ၂၃ ရက် ညနေပိုင်း မိုင်းဆတ်မြို့ အရှေ့ဘက် မိုင်းတုန်း (တွမ်း) တောင်ကြောတွင်လည်းကောင်း၊ ၂၄ ရက်နေ့ မနက် ၁၀ နာရီ ထိုင်းနိုင်ငံ ဖှန်မြို့မျက်နှာချင်းဆိုင် မိုင်းဆတ်မြို့တောင်ဘက် လွယ်ဖါဟုံဘုတ် တောင်ကြောတွင် လည်းကောင်း ၀ တပ်ဖွဲ့အား နအဖ က စတင်တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။



တောင်ပိုင်းဝတပ်ဖွဲ့
“မနေ့က ညနေပိုင်း  ၁၅ မိနစ်လောက်တိုက်ပွဲဖြစ်တယ်။ ဒီနေ့မနက်တော့ ၁၀ မိနစ်လောက်ဘဲ၊ ကျနော်တို့က ၀စကားနဲ့ အော်ပြောပြီး ပြန်တိုက်တော့ သူတို့က ရပ်သွားတယ်” -အမည်မဖေါ်လိုသည့် ၀ တပ်မှူး တဦးက ပြောပါသည်။

တောင်ပိုင်း ၀ တပ်ဖွဲ့အား နအဖစစ်တပ်က ဒုဗိုလ်ချုပ်ကြီးယွက်စစ်ဦးဆောင်သည့် သျှမ်းပြည် တပ်မတော်လှုပ်ရှား စစ်ကြောင်း ဟု ထင်မှတ်ပြီးတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း မျက်နှာပြောင်တိုက် ဟန်ပြတောင်းပန်ခဲ့သည်ဟု အဆိုပါ ၀ တပ်မှူးကပြော၏။

ဝ တပ်ဖွဲ့အရာရှိများကတော့ နှစ်ကြိမ်စလုံး မှားပစ်တိုက်ခိုက်ခြင်း မဖြစ်နိုင်ကြောင်း၊ အရင်ကတည်းက ထိုဒေသ အတွင်း ၀ တပ်ဖွဲ့သာ သွားလာလှုပ်ရှားလေ့ရှိကြောင်း ရှင်းပြ၏။

ယခုကိစ္စသည် နအဖ မှ တမင်ရန်စ တိုက်ခိုက်ခြင်းဖြစ်သဖြင့် ၎င်းင်းတို့လုပ်ရပ်အား သုံးသပ်ကြည့်ပါက တိုက်ပွဲကြီး အတွက် ရှောင်လွဲရန် မဖြစ်နိုင်တော့ကြောင်း ၀ တပ်ဖွဲ့အရာရှိများက သျှမ်းသံတော်ဆင့်သို့ သုံးသပ်ပြပါသည်။

နယ်ခြားစောင့်တပ်အသွင်ပြောင်းရန် ၂၂ ရက်နေ့နောက်ဆုံးသတ်မှတ်ရက်နှင့် ပတ်သက်၍လည်း  မိမိတို့တောင်းဆိုချက် အတိုင်း ဆက်လက်ရပ်တည်သွားမည်ဟု မြောက်ပိုင်း ၀ တပ်မှူးတို့ဆုံးဖြတ်ချက်ချချိန် တောင်ပိုင်း ၀တပ်ဖွဲ့ခေါင်းဆောင် များနှင့် ဆွေးနွေးရန် မိုင်းဆတ်အခြေစိုက် စကခ ၁၈ စစ်ဒေသမှူးကြီးက အစည်းဝေးဆင့် ခေါ်ခဲ့သေးသည်ဟုဆို၏။

“မိုင်းဆတ်သွားတာက ဟိုပန်၊ ဟိုရွက်၊ မိုင်းယွန်း၊ ဟွေ့အော့ က ကိုယ်စားလှယ်တွေပါတယ်၊ ဒါပေမယ့် မိုင်း ဆတ် စကခ ဌာနချုပ်မရောက်ဘဲ နောက်ပြန်လှည့်ကြတယ်၊ သွားသွားမသွားသွားမထူးဘူး ဆိုတဲ့သဘောပေါ့”
- အမည်မဖေါ်လိုသည့် ၀ အရာရှိ တဦးကလည်း အတည်ပြုပြောဆိုပါသည်။

ထိုအစည်းအဝေးသို့ တောင်ပိုင်း ၀ တပ်ဖွဲ့ခေါင်းဆောင်မသွားသည့်အပြင် ကိုယ်စားလှယ်အဖွဲ့လည်း မိုင်းဆတ်မြို့ အနီးရောက်ရှိပြီး ပြန်လှည့်လာခဲ့ကြောင်း၊ ၀မ့်ဟုန့်ရှိ ၀ တပ်ဖွဲ့များနှင့် အချင်းချင်း အစည်းအဝေးထိုင်ပြီးမိမိဌာနချုပ် အသီးသီး ပြန်သွားကြသည်ဟု ဆက်ပြောပြပါသည်။
 


တစ်ပတ်အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
  23/Apr/2010
ဧပြီလ ၁၇ ရက် နံနက် ၃ နာရီအချိန်ခန့်တွင် မေခ-မလိခ မြစ်ဝှမ်းမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတွင် မိုင်း ၁၀ လုံး ပေါက်ကွဲခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုသည် တမံ တည်ဆောက်ရေး ရှင်းလင်းဆောင် အပါအ၀င် စီမံကိန်းနေရာ လေးနေရာတွင် မိုင်း ပေါက်ကွဲ ခဲ့ကြောင်း၊ ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး မှန်ကွဲစများ ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး ယာယီအဆောက်အဦ နှစ်လုံးနှင့် မော်တော်ယာဉ် ခြောက်စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် မူဆယ် ၁၀၅ မိုင် အေးရှားဝေါလ် တိုးဂိတ်တွင် သင်္ကြန်အကျနေ့က ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်။ လူကိုထိခိုက်မှု မရှိသော်လည်း တိုးဂိတ် ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၃) စစ် ဆေးရေး ဂိတ် (မြ၀တီအထွက် ခင်နိမ်းမူဂိတ်) အနီးတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ၌ လူသုံးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ သင်္ကြန် အကြတ်နေ့တွင် ရန်ကုန် ကန်တော်ကြီး X2O မဏ္ဍပ်ရှေ့၌ ဗုံးသုံးလုံး ပေါက်ကွဲခဲ့ပြီး နှစ်ဆန်း တစ်ရက်နေ့ မြစ်ဆုံတွင် ပေါက်ကွဲမှု အပါအ၀င် ဗုံးပေါက်ကွဲမှု စုစုပေါင်း လေးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။  ယင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ ဗုံးထောင်ဖောက်ခွဲသည့် အကြမ်းဖက် သောင်းကျန်းသူ အဖျက်သမားများအား အမြန်ဆုံး ဖော်ထုတ် ဖမ်းဆီး ရရှိရေး တာဝန်ရှိသူများမှ စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။


မွန်ပြည်သစ် ပါတီ တောပြန်ခိုမလား
E-mail Print
မြန်မာ နှစ်သစ်ကူး သင်္ကြန် အကြတ်နေ့ ညနေ သုံးနာရီ ကျော် အချိန်တွင် ရန်ကုန်မြို့ ကန်တော်ကြီး ကန်ပတ်လမ်းရှိ X 2o ရေကစား မဏ္ဍပ် တွင် ဗုံးသုံးလုံး ပေါက်ကွဲမှု ဖြစ်ပွား ခဲ့သည်။ ဗုံး ပေါက်ကွဲ မှုကြောင့် လူ ၉ ဦး သေဆုံးပြီး လူ ၁၀၀ ကျော် ဒဏ်ရာ ရရှိ သွားသည် ဟု အစိုးရ သတင်း ဌာနက ပြောဆို သော်လည်း၊ ရန်ကုန် ဆေးရုံကြီး တာဝန်ကျ ဆရာဝန် တစ်ဦးက သေဆုံးသူ နှစ်ဆယ် ကျော်ပြီး၊ ရေကစား နေသည့် မိန်းကလေး အများစု ဖြစ်သည်ဟု ပြောသည်။
ဗုံးပေါက်ကွဲမှု ကြောင့် မြန်မာ စစ်အစိုးရ လုံခြုံရေး တပ်ဖွဲ့ ဝင်များက ရေကစား မဏ္ဍပ်များ ကို ချက်ခြင်း ပိတ်ခိုင်းပြီး၊ သင်္ကြန် နောက်ဆုံးနေ့ ဖြစ်သည့် ယနေ့ အတက်နေ့ တွင်လည်း ရေကစားခွင့်များ ပိတ်မည် ဟု မဏ္ဍပ် စီစဉ်သူ တစ်ဦး ကဆိုသည်။
ဗုံးပေါက်ကွဲခဲ့သည့် X 2 o မဏ္ဍပ် သည် နှစ်စဉ် ရေပက် မဏ္ဍပ် ဆောက်လုပ်သည့် ရန်ကုန် မြို့  ၏ နာမည်ကျော် မဏ္ဍပ်တစ်ခု ဖြစ်ပြီး၊  ယခင်က အင်လျှားလမ်း တွင် နှစ်စဉ် မဏ္ဍပ် ပြုလုပ်ခဲ့သည်။ ယခုနှစ် ကန်ပတ် လမ်းတွင် ဆောက် လုပ်သည့် မဏ္ဍပ်များ အနက်လည်း အကြီးဆုံး ဖြစ်သည်။
ထိုသို့ ဗုံးပေါက်ကွဲ ခြင်းသည် နေပြည်တော် သင်္ကြန် စည်ကားမှု မရှိပဲ ရန်ကုန် သင်္ကြန် အလွန် စည်ကားခြင်းကို မနာလို ဖြစ်သည့် စစ်ခေါင်းဆောင် များက ဗုံးဖောက်ခွဲရန် စီစဉ်ခြင်း ဖြစ်သည် ဟု ရန်ကုန် မြို့ ခံတို့ ကပြောကြသည်။ အစိုးရဘက် ကလည်း ပြည်ပ အခြေစိုက် National Council of Union of Myanmar (NCUM) အဖွဲ့ လက် ချက်လို့ စွတ်စွဲသည်။
ဗုံးပေါက်ကွဲပြီး နောက်ပိုင်း တွင် ရဲတပ်ဖွဲ့ ဝင်များက X2o မဏ္ဍပ် အနီးရှိ ရေကစား နေသူ အချို့ နှင့် ၀မ်းရေး အတွက် အသက်မွေး နေသူ အချို့ ကို လိုက်လံ ဖမ်းဆီးသည် ဟု သိရသည်။ ဗုံးပေါက်ကွဲ မှု သတင်း အား မြန်မာ့ ရုပ်မြင်သံကြားမှ ညနေ ခြောက်နာရီတွင် ကြားဖြတ် သတင်း လွှင့်ထုတ် သွားခဲ့သည်။
ဗုံးပေါက်ကွဲ မှုကြောင့် မင်္ဂလာ တောင်ညွှန့်  မယက ဥက္ကဌ နှင့် ဒုရဲ အုပ် တစ်ဦး ပြင်းထန် စွာ ထိခိုက် ဒဏ်ရာရရှိ သွားသည်။ ဗုံးပေါက်ကွဲ မှု မတိုင်ခင် တစ်ရက် အလို သင်္ကြန် အကျနေ့ ညနေကတည်းက ရန်ကုန် ဆေးရုံကြီး ရှိ လူနာဆောင်များ နှင့် အရေးပေါ်ကုသခန်းများ အား အာဏာပိုင်များက ရှင်းလင်း ထားခိုင်းသဖြင့် ဆေးရုံကြီး ဆရာဝန် အချို့ ကတော့ ထို ဗုံးပေါက်ကွဲမှု မှာ စစ်အစိုးရ ၏ လက်ချက် ဟု ယူဆကြသည်။
ဗုံးပေါက်ကွဲပြီးနောက် မင်္ဂလာတောင်ညွှန့် မျှော်စင်ကျွန်း ၀င်ပေါက် လမ်းဆုံမှ နေ၍ ဦးထောင်ဗိုလ် အ၀ိုင်းထိ လမ်းများ ပိတ်ထားသည်။ ဗုံး ပေါက်ကွဲမှုကြောင့် ကန်ပတ် လမ်းတွင် ရေကစားနေ သူတို့မှာ ကမ္ဘာပျက်မတတ် ဖြစ်သွားခဲ့သည်။
ဗုံးကွဲမှုကြောင့် သေဆုံးသူ နှင့် ထိခိုက်ဒဏ်ရာရသူ များမှာ  မိန်းကလေး အများစု ဖြစ်ကြသည် ။
မောက္ခ(ပြည်တွင်း)
ထပ်မံရရှိထားသော ပုံများ
Photo Ref : Phoejel