အိန္ဒိယသမုဒ္ဒရာအတွင်းလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်-မုန်တိုင်းဖြစ်လာနိုင်ခြေ FAIR ဖြစ်ကြောင်း JTWC မှ ထုတ်ပြန်ထား

May 31, 09:21 AM

အိန္ဒိယသမုဒ္ဒရာအတွင်း အာရေဗျပင်လယ်၌ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး၊ မုန်တိုင်းဖြစ်လာနိုင်ခြေ FAIR ဖြစ်ကြောင်း JTWC မှ data များအရသိရပါသည်။ လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ အနောက်-အနောက်တောင်ဘက် ၆၃၅ မိုင်ခန့်နဲ့ ပါကစ္စတန်နိုင်ငံ ကရာချိမြို့ တောင်ဘက် ၇၂၅ မိုင်ခန့်မှာ ရှိနေတာဖြစ်ပါတယ်။

(Original data from JTWC)

သီရိမင်္ဂလာဈေး နေရာသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရမည်ဟု တရားဝင် ကြေညာ




Monday, 31 May 2010 09:48

ရန်ကုန်မြို့ သီရိမင်္ဂလာဈေးကြီးရှိ ကုန်စိမ်းတန်းနှင့် ငါးပိငါးခြောက်တန်းများ လှိုင်မြို့နယ်ရှိ နေရာသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရမည့် အကြောင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဈေးသူဈေးသားများအား မေလ ၂၈ ရက်နေ့တွင် တရားဝင်စတင် အသိပေးကြေညာလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။

ASEAN အာဆီယံ

အာဆီယံ



  • အာဆီယံ
    အသုံးပြုသည့်ဘာသာ အင်္ဂလိပ်ဘာသာ
    တည်ထောင်ခုနှစ် သြဂုတ်၈ ၁၉၆၇
    အဖွဲ့ဝင်နိုင်ငံပေါင်း ၁၀နိုင်ငံ
    အမျိုးအစား ဒေသတွင်း စီးပွါးရေး၊ နိုင်ငံရေး မဟာမိတ်အဖွဲ့
    ခေါင်းဆောင်များ အတွင်းရေးမှူးချုပ် - ဆူရင်း ပစ်ဆုဝမ်(Surin Pitsuwan)(ထိုင်း)


    ဧရိယာ ၁၇၂၃၆၈၄ sq mi ၄၄၆၄၃၂၂ km²
    လူဦးရေ
    • စုစုပေါင်း ၅၇၅.၅ သန်း
    • လူဦးရေအထူအထပ် ၁၂၉/km²
    GDP(PPP) ၁၂၈၁.၉ ဘီလျံဒေါ်လာ
    GDP(PPP) per capita ၅၉၆၂ ဒေါ်လာ
    HDI ၀.၇၄၂ (အဆင့် - ၁၀၀)
    ကွန်ယက် http://www.asean.org/

အာဆီယံဖြစ်ပေါ်လာပုံ

အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ Association of Southeast Asian Nations (ASEAN)(အာဆီယံ) ကို ၁၉၆၇ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်း စသည့် အဖွဲ့ဝင် နိုင်ငံ(၅)နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် နိုင်ငံသစ်များ အဖြစ် ဘရူနိုင်း (၁၉၈၄)၊ ဗီယက်နမ် (၁၉၄၅)၊ လာအိုနှင့် မြန်မာ(၁၉၉၇)၊ ကမ္ဘောဒီးယား (၁၉၉၉) တို့ပါဝင်လာသဖြင့် ယခုအခါ အဖွဲ့ဝင်(၁၀)နိုင်ငံရှိပါသည်။ အတွင်းရေးမှူးချုပ်မှာ ထိုင်းနိုင်ငံမှ Surin Pitsuwan ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများမှာ -
  • ဘရူနိုင်း
  • မြန်မာ
  • ကမ္ဘောဒီယား
  • အင်ဒိုနီးရှား
  • လာအို
  • မလေးရှား
  • ဖိလစ်ပိုင်
  • စင်္ကာပူ
  • ထိုင်း
  • ဗီယက်နမ်

    ရည်ရွယ်ချက်

    အာဆီယံဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ -
  • (က)ကမ္ဘာ့ကုလသမဂ္ဂ၏မူအရ တရားမျှတရေး၊ ဥပဒေများနှင့်အညီ အရှေ့တောင်အာရှ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရရှိရေးကို မြှင့်တင်နိုင်ရန်အတွက် အရှေ့တောင်အာရှ နိုင်ငံများ အနေဖြင့်စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နည်းပညာ၊ ပညာရေးနယ် ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန်။
  • (ခ)ထို့ကြောင့် လွတ်လပ်၍ငြိမ်းချမ်းသည့် သယံဇာတပြည့်စုံသော ဘ၀သို့ရောက်ရှိရန် ဆန္ဒတစ်ရပ်အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများရှိ လူထုတစ်ရပ်လုံးနှင့် သားစဉ်မြေးဆက် အကျိုးခံစားနိုင်ရေးပူးပေါင်းဆောင်ရွက်ရန်။

USDP မက်လုံးပေး စည်းရုံး

လက်ရှိ တာဝန် ထမ်းဆောင် နေဆဲ ဝန်ကြီးများ ပါဝင်ဖွဲ့စည်း ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ပြည်နယ်နှင့် တိုင်းတချို့၌ ဒေသခံ အာဏာပိုင်များ၏ သြဇာသုံးပြီး မက်လုံးပေး၍ ပါတီဝင် စည်းရုံးမှုများ ပြုလုပ်နေကြောင်း သိရသည်။


ဝန်ကြီးချုပ် ဦးသိန်းစိန် (ဓာတ်ပုံ - Reuters)
ရှမ်းပြည် မြောက်ပိုင်း၊ တနင်္သာရီ တိုင်းနှင့် မကွေးတိုင်းတို့ အတွင်းရှိ မြို့နယ်များ၊ ကျေးရွာများတွင် ယင်းသို့ ပါတီဝင် စည်းရုံးမှုများ ပြုလုပ်နေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

USDP သည် စည်းရုံးရေးကို ကျေးရွာ လူကြီးများမှ တဆင့် လုပ်ဆောင်ခဲ့ ကြသည်ဟု သိရသည်။ ပါတီဝင် အဖြစ် အသိမှတ် ပြုခံရပြီး ပါတီဝင် သက်သေခံကတ် ရရှိပါက ခရီးသွားလာမှုများ ပိုမို လွယ်ကူမည် ဖြစ်ကြောင်း၊ ပါတီဝင် သက်သေခံ ကတ်သည် နိုင်ငံသား စိစစ်ရေး ကတ်နှင့် မကွာ ခြားကြောင်း ရွာသူ ရွာသားများကို ပြောဆို စည်းရုံးခဲ့သည်ဟု ရှမ်းပြည် မြောက်ပိုင်း ဒေသခံများက ပြောသည်။

အပစ်ရပ် SSA တပ်မဟာ ၁ အားပြည်သူ့စစ်မလုပ်ရန် ပလောင်အမျိုးသားများ တောင်းဆို

နအဖ၏ ပြည်သူ့စစ်အသွင်ကူးပြောင်းရေးဖိအားပေးမှုကို လက်မခံရန် ဒေသခံပလောင်လူမျိုးများက အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ ဗိုလ်ချုပ်ပန်ဖှထံ တောင်းဆိုသည်ဟု စုံစမ်းသိရှိရသည်။

“ပလောင်ကျေးရွာခေါင်းဆောင်တွေ ရောက်လာပြီး ဗိုလ်ချုပ်ပန်ဖှကို တွေ့ဆုံကန်တော့ကြတယ်။ ပြီးတော့သူတို့ရဲ့ တကယ့်စိတ်ရင်းဆန္ဒကိုပြောတယ်” ဟု တပ်မဟာ ၁ အရာရှိအသိုင်းအ၀ိုင်းနှင့်နီးစပ်သူ ဒေသခံတစ်ဦးကပြောသည်။

ပလောင်လူမျိုး photo: taunggyicherryland.com
အပစ်ရပ် SSA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်းမှီတင်းနေထိုင်ကြသည့် ပလောင်ကျေးရွာများမှ ကျေးရွာအကြီးအကဲများက တပ်မဟာ ၁ ဌါနချုပ်သို့ ခြေလျင်ဖြင့်ရောက်သွားကြပြီး ဗိုလ်ချုပ်ပန်ဖှအား မေ ၂၃ ရက်၌ တွေ့ခွင့် တောင်း၍ကန်တော့ခဲ့ကြသည်။

ဗိုလ်ချုပ်ပန်ဖှအားကန်တော့ပြီးနောက် ထမင်းလက်ဆုံစားကြရာ ပလောင် လူမျိုးရပ်ရွာအကြီးအကဲများက ဗိုလ်ချုပ်ပန်ဖှအား ဗမာစစ်တပ် လက်အောက်ခံ ပြည်သူ့စစ်မလုပ်ရန် ဤကဲ့သို့ တောင်းဆိုပန်ကြားခဲ့ သည်ဟုဆို၏။

မြို့အ၀င်ဂိတ်ကို ဆိုင်ကယ်စီး လူတစုဗုံးပစ် ရဲတစ်ဦးသေ နှစ်ဦးထိ

သျှမ်းပြည်အလယ်ပိုင်း မိုင်းကိုင်မြို့ မြောက်ဘက်ရှိ မြို့အ၀င်/အထွက်စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်စီး လူငယ်တစ်စုက လက်ပစ်ဗုံးနှင့်ပစ်ပေါက်ခဲ့သောကြောင့် ရဲတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း စုံစမ်း သိရှိရသည်။
အဆိုပါဂိတ်၌ ဒုရဲအုပ်မောင်ထွေးဦးဆောင်ပြီး ရဲသားသုံးဦးနှင့်အတူ မေ ၂၂ ရက်နေ့တွင် ကင်းစောင့် နေခဲ့ကြသည်။

မွန်းလွဲပိုင်း ၂း၁၅ နာရီခန့်တွင် လူငယ် ၃ ဦးက တရုတ်မော်တော်ဆိုင်ကယ် (125 CC) ၂ စီး မောင်းနှင်လာပြီး ဂိတ်ရှေ့ဖြတ်သန်းစဉ် လက်ပစ်ဗုံးတစ်လုံးပစ်ပေါက်၍ ပစ္စတိုသေနတ်နှင့်လည်း ပစ်ခတ် သွားခဲ့သည်။

အထက်လွှတ်တော် အမတ် Jim Webb မြန်မာနိုင်ငံ ထပ်သွားမည်


အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်မ် ၀က်ဘ်ဟာ လာမယ့် မေလ၂၉ ရက်နေ့က စပြီး ဇွန်လ ၆ ရက်နေ့အထိ ကိုရီးယားနဲ့ ထိုင်းနိုင်ငံတွေအပြင် မြန်မာနိုင်ငံကို သွားရောက်ဖို့ရှိတယ်လို့ အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။ သူ့ရဲ့ခရီးစဉ်အတွင်းမှာ အမေရိကန် သံအရာရှိတွေ၊ မြန်မာအစိုးရ အရာရှိတွေ၊ စစ်ဖက်ဆိုင်ရာ အရာရှိတွေအပြင် စီးပွားရေး ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံဖို့ရှိတယ်လို့လည်း သိရပါတယ်။ အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ ဥက္ကဌအနေနဲ့ မြန်မာနိုင်ငံကို အခု သွားရောက် တာဟာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ အကြောင်းစုံကို ဒေါ်လှလှသန်းက တင်ပြထားပါတယ်။

အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ နိုင်ငံခြား ဆပ်ကော်မတီ ဥက္ကဌလည်းဖြစ်၊ ဗာဂျီးနီးယားပြည်နယ်က အထက်လွှတ်တော် အမတ်လည်းဖြစ်တဲ့ ဂျင်မ် ၀က်ဘ်ဟာ ကိုရီးယား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ကို သွားရောက်မယ့် သူ့ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံကိုတော့ ဇွန်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ သွားရောက်ဖို့ရှိပြီး နေပြည်တော်ကို သွားရောက်ဖို့ ရှိတယ်လို့

တစည ဦးဟန်ရွှေက သူတို့ပါတီဟာငွေမတတ်နိုင်ပေမဲ့ ကြံခိုင်ရေး ရဲ့ ပြိုင်ဘက်ဖြစ်လာမယ်လို့ပြော

ဦးဟန်ရွှေနှင့် တွေ့ဆုံခြင်း 
မေး။ ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ဘာတွေ ပြင်ဆင်နေပြီလဲ။
ဖြေ။ ။ လောလောဆယ်ကတော့ မှတ်ပုံတင်နံပါတ် ကျပြီ။ မှတ်ပုံတင်နံပါတ်က နံပါတ်(၂)။ ကျပြီဆိုတော့ ပါတီက စည်းရုံးလို့ရပြီ။ စည်းရုံးလို့ရနေပြီ ဖြစ်တဲ့ အတွက် စည်းရုံးလှုပ်ရှားမှု ကျွန်တော်တို့လုပ်နေပြီ။ ပါတီဝင် စုစည်းမှုတွေ၊ လှုပ်ရှားမှုတွေ ဥပဒေအရ လုပ်ခွင့်ရှိနေပြီဖြစ်တဲ့အတွက် ပါတီက လုပ်ဆောင် နေပါပြီ။
မေး။ ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ၂ဝ၁ဝ ဧပြီလအထိ ပါတီဝင်အင်အား ဘယ်လောက်ရှိနေပြီလဲ။
ဖြေ။ ။ လောလောဆယ်တော့ (၅)သိန်းကျော်လောက် ရှိနေပါပြီ။ ပါတီမှတ်ပုံတင် ခွင့်ပြုတဲ့အတွက် ပါတီဝင်လျှောက်လွှာတွေ ပေးခွင့်ရှိပြီ။ စည်းရုံးလို့ ရနေပြီ။ ပါတီဝင်ကတ်ပြားတွေ ပေးလို့ရနေပြီ။ ဥပဒေအရ ခွင့်ပြုချက်ရှိနေပြီ။ ဧပြီ(၂၉)ရက်နေ့က မှတ်ပုံတင်ခွင့်ပြုလိုက်တဲ့အတွက် တိုးလာတဲ့ စာရင်း ကိုတော့ ပြောလို့မရသေးဘူး။ မူလရှိတဲ့ ပါတီဝင် အင်အားထက်တော့ အများကြီး တိုးလာပါတယ်။ လောလောဆယ်တော့ စာရင်းလုပ်လို့မရတဲ့အတွက် အတိအကျပြောလို့ မရသေးပါဘူး။
မေး။ ။တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှု ဘယ်လောက်ရမယ် ထင်လဲ။
ဖြေ။ ။ ကျွန်တော်တို့ အများကြီး မျှော်မှန်းထားပါတယ်။

အ​င်္ဂါ​ဂြိုလ်​ဆင်း​ယာဉ်​ ​ပျက်​စီး​ဟု​ ​အ​တည်​ပြု

NASAအဖွဲ့က မားစ်ဂြိုလ်ဆင်းယာဉ် Phonixအား လုံးဝလက်လွှတ် ဆုံးရှံးလိုက်ရပြီဟု အတည်ပြုလိုက်သည်။ ဂြိုဟ်ဆင်းယာဉ်သည် ကြယ်နီကြီးဟု တင်စားခိုင်းနှိုင်းကြသည့် မားစ်၏ ပြင်းထန်သော ဆောင်းရာသီကြောင့်
အပျက်အစီးများ ကြီးကြီးမားမား ပေါ်ပေါက်လာကာ လုံးဝအဆက်အသွယ် ပြတ်တောက်သွားပြီဟု NASAက ဝန်ခံခဲ့သည်။

NASAသည် Phoenixနှင့် အဆက်အသွယ် ရရှိရန် ဇန်နဝါရီလကတည်းက ကြိုးပမ်းနေခဲ့သော်လည်း ထိုစဉ်ကတည်းက မျှော်လင့်ချက်မှာ ခပ်ပါးပါးသာ ရှိခဲ့သည်။ သို့သော်လည်း NASAသည် ဂြိုဟ်ပတ်လမ်းမှတဆင့် Phoenixတည်ရှိနေသော နေရာကို (၆၁)ကြိမ်မျှ ဆက်သွယ်မှု ပြုလုပ်နိုင်ရန် ကြိုးစားခဲ့သေးသည်။

လက်နက်ကိုင်တော်လှန်ရေးနှင့် အကြမ်းဖက်မှု ဆိုင်ရာ အငြင်းပွားမှုများ

from Khin Ma Ma Myo's Blog
နိဒါန်း
နိုင်ငံရေးအကြမ်းဖက်မှုလေ့လာရေး သုတေသနလောကမှာ ကနဦးအနေနဲ့ အကြမ်းဖက်သမားတွေရဲ့ စိတ်ထဲကို မြင်အောင်ကြည့်ပြီး၊ ဒီလို အကြမ်းဖက်မှုတွေ ကျူးလွန်လာရခြင်းရဲ့ အခြေခံ လှုံ့ဆော်မှုတွေကို ထိန်းချုပ်နိုင်မှသာ အကြမ်းဖက်မှုနှိမ်နင်းရေးကို ထိထိရောက်ရောက် အကောင်အထည် ဖော်နိုင်မယ်လို့ အဆိုရှိကြပါတယ်။ စိတ်ပညာရှင်တဦးဖြစ်တဲ့ Kicklighter က အကြမ်းဖက်မှုဆိုတာကို လူအများက လက်မခံပေမယ့် အကြမ်းဖက်သမားတွေနဲ့ သူတို့အပေါ် ထောက်ခံသူတွေရဲ့ စိတ်ထဲမှာတော့ ကောင်းမွန်တယ်လို့ ယူဆထားချက်တွေ ရှိနေနိုင်တယ်လို့ ဆိုထားပါတယ်။ ဒီလိုယူဆထားချက်တွေဟာ မှားယွင်းနေတယ်ဆိုတာကို အသိပညာပေးမှုတွေ မလုပ်နိုင်မချင်း အကြမ်းဖက်မှုတွေကို ထိထိရောက်ရောက် နှိမ်နင်းနိုင်မှာ မဟုတ်ဘူးလို့ သူက ဆိုခဲ့ပါတယ်။ သူ့အဆိုကို လက်ခံပြီး အကြမ်းဖက်မှုတွေ ဖြစ်ပွားလာစေခြင်း၊ ထောက်ခံအားပေးလာစေခြင်းတွေကို လှုံ့ဆော်ပေးတဲ့ ယူဆချက်တွေကို ပညာရှင်အများအပြားက ထပ်မံလေ့လာခဲ့ကြပါတယ်။