Saturday, April 12, 2025
တစ်ပတ်အတွင်း ဗုံးပေါက်ကွဲမှု လေးနေရာ ဖြစ်ပွား
   23/Apr/2010
ဧပြီလ ၁၇ ရက် နံနက် ၃ နာရီအချိန်ခန့်တွင် မေခ-မလိခ မြစ်ဝှမ်းမြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတွင် မိုင်း ၁၀ လုံး ပေါက်ကွဲခဲ့ကြောင်း နိုင်ငံပိုင် သတင်းစာမှ သိရသည်။ အဆိုပါ ပေါက်ကွဲမှုသည် တမံ တည်ဆောက်ရေး ရှင်းလင်းဆောင် အပါအ၀င် စီမံကိန်းနေရာ လေးနေရာတွင် မိုင်း ပေါက်ကွဲ ခဲ့ကြောင်း၊
ပေါက်ကွဲမှုကြောင့် အမျိုးသားတစ်ဦး မှန်ကွဲစများ ထိမှန်ဒဏ်ရာ ရရှိခဲ့ပြီး ယာယီအဆောက်အဦ နှစ်လုံးနှင့် မော်တော်ယာဉ် ခြောက်စီး ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။ ထို့အပြင် မူဆယ် ၁၀၅ မိုင် အေးရှားဝေါလ် တိုးဂိတ်တွင် သင်္ကြန်အကျနေ့က ဗုံးပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သည်။ လူကိုထိခိုက်မှု မရှိသော်လည်း တိုးဂိတ် ပျက်စီးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ကရင်ပြည်နယ် ကော့ကရိတ်မြို့ အမှတ်(၃) စစ် ဆေးရေး ဂိတ် (မြ၀တီအထွက် ခင်နိမ်းမူဂိတ်) အနီးတွင်လည်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ၌ လူသုံးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ သင်္ကြန် အကြတ်နေ့တွင် ရန်ကုန် ကန်တော်ကြီး X2O မဏ္ဍပ်ရှေ့၌ ဗုံးသုံးလုံး ပေါက်ကွဲခဲ့ပြီး နှစ်ဆန်း တစ်ရက်နေ့ မြစ်ဆုံတွင် ပေါက်ကွဲမှု အပါအ၀င် ဗုံးပေါက်ကွဲမှု စုစုပေါင်း လေးမြို့တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။  ယင်းပေါက်ကွဲမှုနှင့် ပတ်သက်၍ ဗုံးထောင်ဖောက်ခွဲသည့် အကြမ်းဖက် သောင်းကျန်းသူ အဖျက်သမားများအား အမြန်ဆုံး ဖော်ထုတ် ဖမ်းဆီး ရရှိရေး တာဝန်ရှိသူများမှ စုံစမ်း ဖော်ထုတ်လျက် ရှိကြောင်း ၂၀၁၀ ခုနှစ် ဧပြီလ ၂၈ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

0 comments:

Post a Comment