ရေစိုခံ၊ လွတ်ကျခံနိုင်တဲ့ External Hard Disk

E-mail Print
A – DATA External HDD သည် Rubber Casing ဖြစ်သောကြောင့် ရေစိုခံနိုင်တဲ့ အပြင် မတော်တဆ လွတ်ကျတဲ့ ဒဏ်တွေကိုပါ ခံနိုင်ကြောင်း ပစ္စည်း ထုတ်လုပ်သူ များမှ ပြောကြားခဲ့ပါသည်။

ထို့အပြင် USB Cable ကို Hard Disk တွင် ပါတ်ပြီး သိမ်းထား နိုင်သောကြောင့် Cable ပျောက်ဆုံးခြင်း ပြဿနာမှလည်း လွတ်ကင်း စေနိုင်ပါတယ်။
ကွန်ပျူတာနဲ့ ချိတ် ဆက်အသုံးပြု နေတဲ့ အချိန်တွေမှာ LED မီးနဲ့ အချက်ပြ ပေးနိုင်တဲ့ အပြင် U- Format Program ကိုလည်း အသုံးပြု နိုင်ပါတယ်။ ဒီ U- Format Program ဟာ Password ပေးထားပြီး Size နဲ့ Partition လည်း ပိုင်းထားနိုင်ပါတယ်။ 500 Gb ရှိတဲ့ ဒီ Hard Disk ဟာ တပ်လိုက်တဲ့ အခါမှာ Password မပေးထားတဲ့  အပိုင်းကို မြင်ရပြီး အဲဒီ အပိုင်းမှာ သိမ်းဆည်း နိုင်မှာ ဖြစ်ပါတယ်။ ဒီအပိုင်းထဲကမှ Login / Logout Utility ကို သုံးပြီး Password ရိုက်ထည့်ပြီး ၀င်ရမှာ ဖြစ်ပါ တယ်။ တစ်နှစ်အတွင်း တစုံ တရာ ဖြစ်သွားမယ် ဆိုရင် One – To – One Replacement Warranty ပေးထားပါတယ်။
(ကိုရဲ)

0 comments:

Post a Comment