ထိုင်းနိုင်ငံ ဆန္ဒပြပွဲများအတွင်း ပေါက်ကွဲမှုများ ဖြစ်ပွား

ရွက်ဝါ

Friday, 23 April 2010 12:40
ထိုင်းနိုင်ငံ မြို့တော် ဘန်ကောက်တွင် ပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ပွားမှုကြောင့် လူ ၃ ဦးသေဆုံးပြီး ၇၀ ကျော် ဒဏ်ရာ ရရှိခဲ့သည်ဟု သိရ သည်။ ယင်း ပေါက်ကွဲမှုများသည် အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြ အဖွဲ့များရှိရာ စခန်းမှ ပစ်ခတ်လိုက်ခြင်း ဖြစ်သည်ဟု ဒုတိယ၀န်ကြီးချုပ်က ဆို သည်။ မြို့တော်အတွင်း ဆန္ဒပြသူများနှင့် ရဲသားများအကြား တင်းမာမှု ပြင်းထန်လာနေချိန်တွင် ယင်း ပေါက်ကွဲမှုများ ဖြစ်ပွားရခြင်း ဖြစ်သည်။ ဗုံး ပစ်ခတ်မှုသည် M-79 လက်နက်ဖြင့် ရှပ်အင်္ကျီ အနီဝတ် ဆန္ဒပြသူများ စခန်းချရာ King Rama VI Monument နောက်ဘက်မှ ထွက်လာခြင်း ဖြစ်သည်။ သို့သော် အနီဝတ်အဖွဲ့ခေါင်းဆောင်များက ထိုပေါက်ကွဲမှုအတွက် ငြင်းဆိုထားသည်။ (ဘီဘီစီ)
Last Updated on Friday, 23 April 2010 12:44

0 comments:

Post a Comment