နောက်ဆုံးသတင်းများ

1. စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်သူများ အပါအ၀င် စင်ကာပူရောက် မြန်မာများ S Pass သက်တမ်းတိုးရာတွင် အခက်ကြုံမှုများရှိလာ click here
5.ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး(ငြိမ်း) ဦးကျော်တင့်ဆွေက ‘မြန်မာနှင့်အာဆီယံ’

DVB 2 1

ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယ ၀န်ကြီးကို မြန်မာ့အရေး တွန်းအားပေး

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး(၀ဲ) နှင့် အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံဆွေးနွေးနေစဉ်။

ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 29 ဇူလိုင် 2010

ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) နဲ့ အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီးမှာ လိုက်ပါသွားခဲ့တဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလီယမ် ဟေ့ဂ် (William Hague) ဟာ အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးနဲ့ သီးခြား တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးသွားခဲ့တယ်လို့ ၀ါရှင်တန်မြို့မှာရှိတဲ့ ဗြိတိန်သံရုံး သံအရာရှိက ဗွီအိုအေကို အတည်ပြု ပြောဆိုခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံကနေ အကြမ်းဖက်လုပ်ငန်းတွေကို တင်ပို့နေတယ်လို့ စွပ်စွဲပြောဆိုခဲ့တဲ့ သူ့ရဲ့ မှတ်ချက်စကားကို အိန္ဒိခရီးစဉ်အတွင်း ဗြိတိသျှ ၀န်ကြီးချုပ်က ပြန်လည် ဖြေရှင်းခဲ့ရပါတယ်။ အခုကိစ္စတွေနဲ့ ပတ်သက်လို့ သူ အရိုးရှင်းဆုံး ပြောဆိုခဲ့တာလို့ ယုံကြည်တဲ့အကြောင်း ကြာသပတေးနေ့က နယူးဒေလီမြို့မှာ မစ္စတာ ကမ်မရွန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

Deep vein thrombosis သွေးပြန်ကြောပိတ်ခြင်း

Public Health in Myanmar



Posted: 28 Jun 2010 01:20 AM PDT
Hello doctor: I can’t stand to laugh after reading your story, Varicose Veins. Please explain about deep venous thrombosis coz my friend who lives in မတ်တတ်ရွာ got trouble with that case.

သူများ တိုင်းပြည်တွေကို ခဏခိုးထွက်ပြီးဖြစ်ဖြစ် ခဏခဏ ခိုးထွက်ပြီးဖြစ်ဖြစ်၊ ဟိုမှာ အခြေတကျ နေပြီးဖြစ်ဖြစ် အလုပ် လုပ်ကြရာမှာ ကိုယ့်အရပ်နဲ့ အတော်ကြီး မတူဘူး။ “စက်ရုပ်ဝါဒ” ခေါ်ရမလားဘဲ။ အလုပ်ချိန်မှာ ထိုင်စရာဆိုတာ ထားမပေးဘူး။ ရပ်ပြီးလုပ်ရတာ မဟုတ်ရင်၊ ပြေးလွှားလုပ်ကြရတယ်။ အောက်ပိုင်း မသန်ရင် ဟန်မကျဘူး။ ကြာတော့ အောက်ပိုင်းက အတွင်းပိုင်း ရောဂါတွေ ရလာတတ်တယ်။

အမျိုးမျိုးရှိတဲ့ သွေးကြောတွေက ကောင်းနေပါမှ အသက်ရှင်နိုင်တာမို့ “အသက်သွေးကြော” လို့ တင်စားခေါ်ကြတာ မှန်တယ်။ နှလုံးကနေ တကိုယ်လုံးကို လွှတ်ပေးရတဲ့ Artery သွေးလွှတ်ကြော ပိတ်တာကို အတော်များများ သိကြတယ်။ Stroke လို့ ခေါ်တယ် မဟုတ်လား။ ဆေးစာ သိသူတွေကတော့ Myocardial infarction လို့ ခေါ်ပါတယ်။ တကိုယ်လုံးကနေ နှလုံးဆီ ပြန်လာရတဲ့ Vein သွေးပြန်ကြောမှာ သွေးခဲပြီး၊ ပိတ်တာကလည်း ဆိုးတဲ့ရောဂါဘဲ။ လူတွေကို ကြိုက်တာ၊ မကြိုက်တာ ပြောရမဲ့ ပါးစပ်ကို ပိတ်ခိုင်းထာတာ အပါအ၀င် ပိတ်တာ-ဆို့တာဟာ ရောဂါဘဲ။ ဒီစာမှာ သွေးပြန်ကြော ပိတ်တာ ရေးပါမယ်။ အတိအကျ ပြောရရင် ဟို အတွင်းထဲမှာရှိတဲ့ သွေးပြန်ကြောတွေ ပိတ်တဲ့ရောဂါပါ။

ရွှေလီ – ကျောက်ဖြူ သွယ်တန် မည့် တရုတ် – မြန်မာ စင်္ကြံလမ်း ဖောက်လုပ်ရေး လက်မှတ် ရေးထိုး

ရွှေလီမှ ကျောက်ဖြူသို့ ဆက် သွယ်မည့် တရုတ် – မြန်မာ စင်္ကြံ လမ်း စီမံချက် ပူးပေါင်း ဆောင်ရွက် မည့် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း ကို  မေ ၁၈ ရက်က နှစ်နိုင်ငံ တာဝန်ရှိ သူများ လက်မှတ် ရေးထိုး ခဲ့ကြကြောင်း သိရသည်။ နေပြည် တော်ရှိ နိုင်ငံတော် အေး ချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ရုံး ဧည့်ခန်းမတွင် ကျင်းပ ခဲ့သည့် လက်မှတ် ရေးထိုး ပွဲတွင် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ၀န် ကြီးဌာန ၀န်ကြီး ဦးခင်မောင်မြင့် နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး မစ္စတာ လီရှန်လင်း တို့က လက် မှတ် ရေးထိုး ခဲ့ကြပြီး အပြန်အလှန် စာချုပ်များ လဲလှယ် ခဲ့ကြကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ဖော် ပြချက် အရသိရသည်။
တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း မှ တစ်ဆင့် အရှေ့ အလယ်ပိုင်း နိုင်ငံများမှ ၀ယ်ယူထား သည့် ရေနံစိမ်း များကို ပိုက်လိုင်း ဖြင့် သွယ်တန်း ယူမည်ဖြစ်ကာ ရခိုင် ကမ်းရိုးတန်းမှ ထွက်ရှိသည့် သ ဘာဝ ဓာတ်ငွေ့ များ ကို လည်း ပိုက် လိုင်းဖြင့် သွယ်တန်း ရယူမည်ဖြစ် ကြောင်း သိရသည်။

တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၀န်ကြီးချုပ် ၀မ်ကြားပေါင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်





 
   တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် ၀မ်ကြားပေါင်သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် ဇွန်လ ၂ ရက် နေ့က ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။

စာပေလောကမှ လူငယ်စာရေးဆရာတဦး နိုင်ငံရေးလောကသို့ ၀င်ရောက်

NEJ   /   ၀၁ ဇွန် ၂၀၁၀

မော်ဒန်အရေးအသားများဖြင့် မြန်မာနိုင်ငံ စာပေလောကတွင် နာမည်ကြီးသော လူငယ်စာရေးဆရာ ဝေမှူးသွင်က နိုင်ငံရေးလောကသို့ ၀င်ရောက်တော့မည်ဟု ပြောဆိုလိုက်သည်။

ပြီးခဲ့သည့် မေ (၂၉) ရက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းရှိ မစ္စတာ ဘရောင်း ကော်ဖီဆိုင်တွင် အသက် (၃၂) အရွယ်ရှိ စာရေးဆရာ ဝေမှူးသွင်က မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီတွင် ၀င်ရောက်မည်ဟု ပြောဆိုခဲ့သည်။

အဆိုပါ ပါတီတွင် အထွေထွေအတွင်းရေးမှူးနေရာ တာဝန်ယူကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်၍ တိုင်းပြည်နှင့် လူမျိုးအတွက် တခုခုကို ပြုလုပ်ပေးနိုင်ရန် ရည်ရွယ်၍ နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးလုပ်မည်ဆိုပါက ပါတီတခုခုတွင် ပါဝင်ရန်လိုသောကြောင့် အဆိုပါပါတီတွင် ပါဝင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယား နည်းပညာပေး

ကိုထွေး Monday, May 31, 2010
မြောက်ကိုရီးယား နိုင်ငံသည် ဒုံးကျည် လက်နက်နှင့် နျူကလီးယား နည်းပညာများကို မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချ နေကြောင်းကုလသမဂ္ဂ ကျွမ်းကျင်သူများက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပါရှိသည်။
လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းနှင့်မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးနေစဉ်

မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ကုလသမဂ္ဂ၏ အရေးယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက်ရှိကြောင်းလည်း ယင်း အစီရင်ခံစာကို လက်ခံရရှိ ထားသည့် အေပီ သတင်း တရပ်တွင် ရေးသား ထားသည်။

ကျိုင်းတုံမြို့နယ် ကြံ့ဖွံ့အသင်း မ၀င်မနေရ စာရင်းကောက် သိမ်းသွင်း

uesday, 01 June 2010 15:35 မွေခေါဝ်
သျှမ်းပြည်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် အာဏာပိုင်များက ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ပါတီအားထောက်ခံမဲရရန် ဒေသခံများအား ကြံ့ဖွံ့ အသင်း သားအဖြစ် အဓမ္မသိမ်းသွင်း လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဦးသိန်းစိန်
ကျိုင်းတုံမြို့ အရှေ့ဘက် ၂ မိုင်ခန့်အကွာ ကျိုင်းလိတ်လေဆိပ်အနီးရှိ မိုင်းလန်းကျေးရွာ အုပ် စု၊ ဟွေပုံကျေးရွာတွင် မေ ၁၇ ရက်မှစ၍ ကျေးလက် လူထုကြံ့ဖွံ့အသင်းဝင်များဖြစ်စေရန် စာရင်းများ ကောက်ယူလျက်ရှိသည်။

“အသက် ၁၅ နှစ်အထက် ရွာသူရွာသားအားလုံး ကြံ့ဖွတ်အသင်းဝင်ရမယ်။ မ၀င်တဲ့သူတွေ နိုင်ငံ တော်ကိုပုန်ကန်တဲ့ စာရင်းထဲပါသွားမယ်” ဟု ခြိမ်းခြောက်ကြောင်း စည်းရုံးခံရသူတစ်ဦးက ပြော ပါသည်။

ရွာသူရွာသားများ၏ ကိုယ်ရေးအကျဉ်းနှင့် ဓါတ်ပုံ များရိုက်ယူသွားကြောင်း၊ ကျေးရွာအုပ်စု ၁၀အုပ်စု၏ စာရင်းများ ကောက်ယူ ပြီး မြို့ပေါ်  ၅ ရပ်ကွက်၌ လူထုစာရင်း ဆက်တိုက်ကောက်ယူမည်ဖြစ်ကြောင်း လည်း သိရှိရသည်။

ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုကြောင့် ရပ်နားထားခဲ့ရသည့် မြ၀တီနယ်စပ် ကုန်သွယ်ရေး ပုံမှန်အတိုင်းပြန်လည်ပတ်





ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ထိုင်းနိုင်ငံရေး အခြေအနေများ မတည်ငြိမ်မှုကြောင့် ရပ်နားထားခဲ့ရသည့် မြ၀တီနယ်စပ်ကုန် သွယ်ရေးမှာ မေလ ၂၈ ရက်နေ့တွင် ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။
 မဲဆောက်မြ၀တီအဓိက ကုန်စည်စီးဆင်းရာ ချစ်ကြည်ရေးတံတား