ကျိုင်းတုံမြို့နယ် ကြံ့ဖွံ့အသင်း မ၀င်မနေရ စာရင်းကောက် သိမ်းသွင်း

uesday, 01 June 2010 15:35 မွေခေါဝ်
သျှမ်းပြည်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် အာဏာပိုင်များက ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ပါတီအားထောက်ခံမဲရရန် ဒေသခံများအား ကြံ့ဖွံ့ အသင်း သားအဖြစ် အဓမ္မသိမ်းသွင်း လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။

ဦးသိန်းစိန်
ကျိုင်းတုံမြို့ အရှေ့ဘက် ၂ မိုင်ခန့်အကွာ ကျိုင်းလိတ်လေဆိပ်အနီးရှိ မိုင်းလန်းကျေးရွာ အုပ် စု၊ ဟွေပုံကျေးရွာတွင် မေ ၁၇ ရက်မှစ၍ ကျေးလက် လူထုကြံ့ဖွံ့အသင်းဝင်များဖြစ်စေရန် စာရင်းများ ကောက်ယူလျက်ရှိသည်။

“အသက် ၁၅ နှစ်အထက် ရွာသူရွာသားအားလုံး ကြံ့ဖွတ်အသင်းဝင်ရမယ်။ မ၀င်တဲ့သူတွေ နိုင်ငံ တော်ကိုပုန်ကန်တဲ့ စာရင်းထဲပါသွားမယ်” ဟု ခြိမ်းခြောက်ကြောင်း စည်းရုံးခံရသူတစ်ဦးက ပြော ပါသည်။

ရွာသူရွာသားများ၏ ကိုယ်ရေးအကျဉ်းနှင့် ဓါတ်ပုံ များရိုက်ယူသွားကြောင်း၊ ကျေးရွာအုပ်စု ၁၀အုပ်စု၏ စာရင်းများ ကောက်ယူ ပြီး မြို့ပေါ်  ၅ ရပ်ကွက်၌ လူထုစာရင်း ဆက်တိုက်ကောက်ယူမည်ဖြစ်ကြောင်း လည်း သိရှိရသည်။


ကျိုင်းတုံမြို့ ကြံ့ဖွံ့အကြီးအကဲများက “တြိဂံတိုင်းမှူးဖြစ်ခဲ့ဖူးတဲ့ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီးသိန်းစိန် (လက်ရှိကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ဦးသိန်းစိန်)ရဲ့ ကျေးဇူးကိုဆပ်တဲ့အနေနဲ့ အသက် ၁၅ နှစ်အထက် လူတွေအားလုံး ကြံ့ဖွံ့ အသင်းထဲဝင်ရောက်ရမယ်လို့ လူထုကိုပြောဆိုစည်းရုံးတယ်” ဟု ဒေသခံတစ်ဦးက ပြောကြားသည်။

ရွာသူရွာသားအချို့က ကြံ့ဖွံ့အကြီးအကဲများ ၀န်ကြီးချုပ်သိန်းစိန်သည် ကျေးလက်ပြည်သူလူထုများကို မည်ကဲ့သို့ လုပ်ဆောင်ပေးခဲ့သည်ကို  မပြောပြကြောင်း၊ သူတို့လည်း ဘာမှမသိရှိရကြောင်း အဆိုပါ ဒေသခံက သျှမ်းသံတော်ဆင့် သို့ဆက်၍ပြောပါသည်။

ဦးသိန်းစိန်ဦးဆောင်သော ကြံ့ဖွံ့ပါတီသည် တပြည်လုံးအတိုင်းအတာဖြင့် စည်းရုံးရေး ဆင်းနေပြီ ဖြစ်သော်လည်းအခြား ယှဉ်ပြိုင်ပါတီများ စည်းရုံးရေးဆင်းခွင့်မရသေးပေ။

0 comments:

Post a Comment