
တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း မှ တစ်ဆင့် အရှေ့ အလယ်ပိုင်း နိုင်ငံများမှ ၀ယ်ယူထား သည့် ရေနံစိမ်း များကို ပိုက်လိုင်း ဖြင့် သွယ်တန်း ယူမည်ဖြစ်ကာ ရခိုင် ကမ်းရိုးတန်းမှ ထွက်ရှိသည့် သ ဘာဝ ဓာတ်ငွေ့ များ ကို လည်း ပိုက် လိုင်းဖြင့် သွယ်တန်း ရယူမည်ဖြစ် ကြောင်း သိရသည်။
ကျောက်ဖြူ ဆိပ်ကမ်းမှ တစ် ဆင့် မကွေးတိုင်း၊ မန္တလေးတိုင်း နှင့် ရှမ်းပြည်နယ် (အရှေ့မြောက် ပိုင်း) ဒေသ များကို ဖြတ်သန်း မည့် အရှည် ကီလိုမီတာ ၁,၂၀၀ ရှိပိုက် လိုင်းဖြင့် သွယ်တန်းမည် ဖြစ်ကြောင်း သိရပြီး တစ်နေ့လျှင် ရေနံစိမ်း ကုဗပေ ၁၂ သိန်း တင်ပို့ မည်ဖြစ် ကြောင်းလည်း သိရသည်။ ပိုက် လိုင်း သွယ်တန်းရေး အတွက် လမ်း ကြောင်းများ ရှာဖွေ သတ်မှတ်ထား ပြီးဖြစ်ကာ ၂၀၁၀ ပြည့်နှစ်ဆန်း ပိုင်း မှစ၍ ကျောက်ဖြူမြို့မဒေး ကျွန်းတွင် ရေနံတင် ဆိပ်ကမ်းကို လည်း စတင် တည်ဆောက် နေပြီ ဖြစ်ကြောင်း သိရသည်။
ကျောက်ဖြူမြို့ တွင် လိုအပ် သည့် စက်ကိရိယာ နှင့် ပစ္စည်းများ တင်ဆောင် သယ်ပို့ နိုင်ရေး အတွက် ဆိပ်ခံ တံတားသစ် တစ်စင်းကို လည်း တည်ဆောက် သွားမည် ဖြစ် ကြောင်း နိုင်ငံပိုင် သတင်းစာ များ တွင် ဖော်ပြချက် အရ သိရသည်။
0 comments:
Post a Comment