Public Health in Myanmar |
Posted: 28 Jun 2010 01:20 AM PDT
Hello doctor: I can’t stand to laugh after reading your story, Varicose Veins. Please explain about deep venous thrombosis coz my friend who lives in မတ်တတ်ရွာ got trouble with that case. သူများ တိုင်းပြည်တွေကို ခဏခိုးထွက်ပြီးဖြစ်ဖြစ် ခဏခဏ ခိုးထွက်ပြီးဖြစ်ဖြစ်၊ ဟိုမှာ အခြေတကျ နေပြီးဖြစ်ဖြစ် အလုပ် လုပ်ကြရာမှာ ကိုယ့်အရပ်နဲ့ အတော်ကြီး မတူဘူး။ “စက်ရုပ်ဝါဒ” ခေါ်ရမလားဘဲ။ အလုပ်ချိန်မှာ ထိုင်စရာဆိုတာ ထားမပေးဘူး။ ရပ်ပြီးလုပ်ရတာ မဟုတ်ရင်၊ ပြေးလွှားလုပ်ကြရတယ်။ အောက်ပိုင်း မသန်ရင် ဟန်မကျဘူး။ ကြာတော့ အောက်ပိုင်းက အတွင်းပိုင်း ရောဂါတွေ ရလာတတ်တယ်။
အမျိုးမျိုးရှိတဲ့ သွေးကြောတွေက ကောင်းနေပါမှ အသက်ရှင်နိုင်တာမို့ “အသက်သွေးကြော” လို့ တင်စားခေါ်ကြတာ မှန်တယ်။ နှလုံးကနေ တကိုယ်လုံးကို လွှတ်ပေးရတဲ့ Artery သွေးလွှတ်ကြော ပိတ်တာကို အတော်များများ သိကြတယ်။ Stroke လို့ ခေါ်တယ် မဟုတ်လား။ ဆေးစာ သိသူတွေကတော့ Myocardial infarction လို့ ခေါ်ပါတယ်။ တကိုယ်လုံးကနေ နှလုံးဆီ ပြန်လာရတဲ့ Vein သွေးပြန်ကြောမှာ သွေးခဲပြီး၊ ပိတ်တာကလည်း ဆိုးတဲ့ရောဂါဘဲ။ လူတွေကို ကြိုက်တာ၊ မကြိုက်တာ ပြောရမဲ့ ပါးစပ်ကို ပိတ်ခိုင်းထာတာ အပါအ၀င် ပိတ်တာ-ဆို့တာဟာ ရောဂါဘဲ။ ဒီစာမှာ သွေးပြန်ကြော ပိတ်တာ ရေးပါမယ်။ အတိအကျ ပြောရရင် ဟို အတွင်းထဲမှာရှိတဲ့ သွေးပြန်ကြောတွေ ပိတ်တဲ့ရောဂါပါ။