5.ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး(ငြိမ်း) ဦးကျော်တင့်ဆွေက ‘မြန်မာနှင့်အာဆီယံ’
နောက်ဆုံးသတင်းများ
1. စင်ကာပူသို့ အလည်အပတ်ဗီဇာဖြင့် သွားရောက်သူများ အပါအ၀င် စင်ကာပူရောက် မြန်မာများ S Pass သက်တမ်းတိုးရာတွင် အခက်ကြုံမှုများရှိလာ click here
5.ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး(ငြိမ်း) ဦးကျော်တင့်ဆွေက ‘မြန်မာနှင့်အာဆီယံ’
5.ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး(ငြိမ်း) ဦးကျော်တင့်ဆွေက ‘မြန်မာနှင့်အာဆီယံ’
ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး အိန္ဒိယ ၀န်ကြီးကို မြန်မာ့အရေး တွန်းအားပေး
ဗွီအိုအေ (မြန်မာဌာန) ကြာသပတေး, 29 ဇူလိုင် 2010
ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကမ်မရွန်း (David Cameron) နဲ့ အိန္ဒိယနိုင်ငံ ချစ်ကြည်ရေးခရီးမှာ လိုက်ပါသွားခဲ့တဲ့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ၀ီလီယမ် ဟေ့ဂ် (William Hague) ဟာ အိန္ဒိယ နိုင်ငံခြားရေး ၀န်ကြီးနဲ့ သီးခြား တွေ့ဆုံခဲ့ပြီး မြန်မာ့အရေး ကိစ္စကိုလည်း ထည့်သွင်း ဆွေးနွေးသွားခဲ့တယ်လို့ ၀ါရှင်တန်မြို့မှာရှိတဲ့ ဗြိတိန်သံရုံး သံအရာရှိက ဗွီအိုအေကို အတည်ပြု ပြောဆိုခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံကနေ အကြမ်းဖက်လုပ်ငန်းတွေကို တင်ပို့နေတယ်လို့ စွပ်စွဲပြောဆိုခဲ့တဲ့ သူ့ရဲ့ မှတ်ချက်စကားကို အိန္ဒိခရီးစဉ်အတွင်း ဗြိတိသျှ ၀န်ကြီးချုပ်က ပြန်လည် ဖြေရှင်းခဲ့ရပါတယ်။ အခုကိစ္စတွေနဲ့ ပတ်သက်လို့ သူ အရိုးရှင်းဆုံး ပြောဆိုခဲ့တာလို့ ယုံကြည်တဲ့အကြောင်း ကြာသပတေးနေ့က နယူးဒေလီမြို့မှာ မစ္စတာ ကမ်မရွန်းက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။Deep vein thrombosis သွေးပြန်ကြောပိတ်ခြင်း
Public Health in Myanmar |
Posted: 28 Jun 2010 01:20 AM PDT
Hello doctor: I can’t stand to laugh after reading your story, Varicose Veins. Please explain about deep venous thrombosis coz my friend who lives in မတ်တတ်ရွာ got trouble with that case. သူများ တိုင်းပြည်တွေကို ခဏခိုးထွက်ပြီးဖြစ်ဖြစ် ခဏခဏ ခိုးထွက်ပြီးဖြစ်ဖြစ်၊ ဟိုမှာ အခြေတကျ နေပြီးဖြစ်ဖြစ် အလုပ် လုပ်ကြရာမှာ ကိုယ့်အရပ်နဲ့ အတော်ကြီး မတူဘူး။ “စက်ရုပ်ဝါဒ” ခေါ်ရမလားဘဲ။ အလုပ်ချိန်မှာ ထိုင်စရာဆိုတာ ထားမပေးဘူး။ ရပ်ပြီးလုပ်ရတာ မဟုတ်ရင်၊ ပြေးလွှားလုပ်ကြရတယ်။ အောက်ပိုင်း မသန်ရင် ဟန်မကျဘူး။ ကြာတော့ အောက်ပိုင်းက အတွင်းပိုင်း ရောဂါတွေ ရလာတတ်တယ်။
အမျိုးမျိုးရှိတဲ့ သွေးကြောတွေက ကောင်းနေပါမှ အသက်ရှင်နိုင်တာမို့ “အသက်သွေးကြော” လို့ တင်စားခေါ်ကြတာ မှန်တယ်။ နှလုံးကနေ တကိုယ်လုံးကို လွှတ်ပေးရတဲ့ Artery သွေးလွှတ်ကြော ပိတ်တာကို အတော်များများ သိကြတယ်။ Stroke လို့ ခေါ်တယ် မဟုတ်လား။ ဆေးစာ သိသူတွေကတော့ Myocardial infarction လို့ ခေါ်ပါတယ်။ တကိုယ်လုံးကနေ နှလုံးဆီ ပြန်လာရတဲ့ Vein သွေးပြန်ကြောမှာ သွေးခဲပြီး၊ ပိတ်တာကလည်း ဆိုးတဲ့ရောဂါဘဲ။ လူတွေကို ကြိုက်တာ၊ မကြိုက်တာ ပြောရမဲ့ ပါးစပ်ကို ပိတ်ခိုင်းထာတာ အပါအ၀င် ပိတ်တာ-ဆို့တာဟာ ရောဂါဘဲ။ ဒီစာမှာ သွေးပြန်ကြော ပိတ်တာ ရေးပါမယ်။ အတိအကျ ပြောရရင် ဟို အတွင်းထဲမှာရှိတဲ့ သွေးပြန်ကြောတွေ ပိတ်တဲ့ရောဂါပါ။
ရွှေလီ – ကျောက်ဖြူ သွယ်တန် မည့် တရုတ် – မြန်မာ စင်္ကြံလမ်း ဖောက်လုပ်ရေး လက်မှတ် ရေးထိုး
ရွှေလီမှ ကျောက်ဖြူသို့ ဆက် သွယ်မည့် တရုတ် – မြန်မာ စင်္ကြံ လမ်း စီမံချက် ပူးပေါင်း ဆောင်ရွက် မည့် ဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာ နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးခြင်း ကို မေ ၁၈ ရက်က နှစ်နိုင်ငံ တာဝန်ရှိ သူများ လက်မှတ် ရေးထိုး ခဲ့ကြကြောင်း သိရသည်။ နေပြည် တော်ရှိ နိုင်ငံတော် အေး ချမ်း သာယာရေး နှင့် ဖွံ့ဖြိုးရေး ကောင်စီ ရုံး ဧည့်ခန်းမတွင် ကျင်းပ ခဲ့သည့် လက်မှတ် ရေးထိုး ပွဲတွင် မြန်မာနိုင်ငံ ဆောက်လုပ်ရေး ၀န် ကြီးဌာန ၀န်ကြီး ဦးခင်မောင်မြင့် နှင့် တရုတ် ပြည်သူ့ သမ္မတ နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန ၀န်ကြီး မစ္စတာ လီရှန်လင်း တို့က လက် မှတ် ရေးထိုး ခဲ့ကြပြီး အပြန်အလှန် စာချုပ်များ လဲလှယ် ခဲ့ကြကြောင်း နိုင်ငံပိုင် သတင်းစာ များတွင် ဖော် ပြချက် အရသိရသည်။တရုတ်ပြည်သူ့ သမ္မတ နိုင်ငံ သည် ရခိုင်ပြည်နယ်၊ ကျောက်ဖြူ ရေနက် ဆိပ်ကမ်း မှ တစ်ဆင့် အရှေ့ အလယ်ပိုင်း နိုင်ငံများမှ ၀ယ်ယူထား သည့် ရေနံစိမ်း များကို ပိုက်လိုင်း ဖြင့် သွယ်တန်း ယူမည်ဖြစ်ကာ ရခိုင် ကမ်းရိုးတန်းမှ ထွက်ရှိသည့် သ ဘာဝ ဓာတ်ငွေ့ များ ကို လည်း ပိုက် လိုင်းဖြင့် သွယ်တန်း ရယူမည်ဖြစ် ကြောင်း သိရသည်။
တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ၀န်ကြီးချုပ် ၀မ်ကြားပေါင် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီး လာရောက်
| တရုတ်ပြည်သူ့ သမ္မတနိုင်ငံ နိုင်ငံတော် ကောင်စီဝန်ကြီးချုပ် ၀မ်ကြားပေါင်သည် မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးအဖြစ် ဇွန်လ ၂ ရက် နေ့က ရောက်ရှိလာခဲ့ကြောင်း သတင်းရရှိပါသည်။ |
စာပေလောကမှ လူငယ်စာရေးဆရာတဦး နိုင်ငံရေးလောကသို့ ၀င်ရောက်
NEJ / ၀၁ ဇွန် ၂၀၁၀
မော်ဒန်အရေးအသားများဖြင့် မြန်မာနိုင်ငံ စာပေလောကတွင် နာမည်ကြီးသော လူငယ်စာရေးဆရာ ဝေမှူးသွင်က နိုင်ငံရေးလောကသို့ ၀င်ရောက်တော့မည်ဟု ပြောဆိုလိုက်သည်။
ပြီးခဲ့သည့် မေ (၂၉) ရက်တွင် ရန်ကုန်မြို့ မဟာဗန္ဓုလလမ်းရှိ မစ္စတာ ဘရောင်း ကော်ဖီဆိုင်တွင် အသက် (၃၂) အရွယ်ရှိ စာရေးဆရာ ဝေမှူးသွင်က မြန်မာဒီမိုကရေစီကွန်ဂရက်ပါတီတွင် ၀င်ရောက်မည်ဟု ပြောဆိုခဲ့သည်။
အဆိုပါ ပါတီတွင် အထွေထွေအတွင်းရေးမှူးနေရာ တာဝန်ယူကာ ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်၍ တိုင်းပြည်နှင့် လူမျိုးအတွက် တခုခုကို ပြုလုပ်ပေးနိုင်ရန် ရည်ရွယ်၍ နိုင်ငံရေးလုပ်ရန် ဆုံးဖြတ်ခြင်းဖြစ်ကြောင်း၊ နိုင်ငံရေးလုပ်မည်ဆိုပါက ပါတီတခုခုတွင် ပါဝင်ရန်လိုသောကြောင့် အဆိုပါပါတီတွင် ပါဝင်ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
မြောက်ကိုရီးယားက မြန်မာကို ဒုံးကျည်နှင့် နျူကလီးယား နည်းပညာပေး
ကိုထွေး Monday, May 31, 2010
မြောက်ကိုရီးယား နိုင်ငံသည် ဒုံးကျည် လက်နက်နှင့် နျူကလီးယား နည်းပညာများကို မြန်မာနိုင်ငံသို့ တင်ပို့ ရောင်းချ နေကြောင်းကုလသမဂ္ဂ ကျွမ်းကျင်သူများက ထုတ်ပြန်သည့် အစီရင်ခံစာတွင် ပါရှိသည်။
လွန်ခဲ့သည့် ၂၀၀၈ ခုနှစ် နိုဝင်ဘာလအတွင်းက မြောက်ကိုရီးယားနိုင်ငံ ပြုံယမ်းမြို့၌ ဗိုလ်ချုပ်ကြီး သူရ ရွှေမန်းနှင့်မြောက်ကိုရီးယား စစ်ဦးစီး အရာရှိချုပ် ဗိုလ်ချုပ် ကင်မ်ကျုတ်ဆစ် (Kim Kyok-sik) တို့ နှစ်နိုင်ငံ စစ်ရေးအရ ပူးပေါင်း ဆောင်ရွက်မှုပြုလုပ်ရန် နားလည်မှု စာချွန်လွှာ လက်မှတ် ရေးထိုးနေစဉ်
မြောက်ကိုရီးယား နိုင်ငံသည် လက်နက်များကို မြန်မာနိုင်ငံ အပါအ၀င် အီရန်နှင့် ဆီးရီးယား နိုင်ငံများသို့ တင်ပို့လျက်ရှိပြီး ကုလသမဂ္ဂ၏ အရေးယူမှုများကို ရှောင်ရှားရန် အတွက် ကြားခံ ကုမ္ပဏီများ၊ တခြားသော အဆက် အသွယ်များကို အသုံးပြုလျက်ရှိကြောင်းလည်း ယင်း အစီရင်ခံစာကို လက်ခံရရှိ ထားသည့် အေပီ သတင်း တရပ်တွင် ရေးသား ထားသည်။
ကျိုင်းတုံမြို့နယ် ကြံ့ဖွံ့အသင်း မ၀င်မနေရ စာရင်းကောက် သိမ်းသွင်း
uesday, 01 June 2010 15:35 မွေခေါဝ်
သျှမ်းပြည်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် အာဏာပိုင်များက ၂၀၁၀ ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်မည့် ကြံ့ဖွံ့ပါတီအားထောက်ခံမဲရရန် ဒေသခံများအား ကြံ့ဖွံ့ အသင်း သားအဖြစ် အဓမ္မသိမ်းသွင်း လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။
ကျိုင်းတုံမြို့ အရှေ့ဘက် ၂ မိုင်ခန့်အကွာ ကျိုင်းလိတ်လေဆိပ်အနီးရှိ မိုင်းလန်းကျေးရွာ အုပ် စု၊ ဟွေပုံကျေးရွာတွင် မေ ၁၇ ရက်မှစ၍ ကျေးလက် လူထုကြံ့ဖွံ့အသင်းဝင်များဖြစ်စေရန် စာရင်းများ ကောက်ယူလျက်ရှိသည်။
“အသက် ၁၅ နှစ်အထက် ရွာသူရွာသားအားလုံး ကြံ့ဖွတ်အသင်းဝင်ရမယ်။ မ၀င်တဲ့သူတွေ နိုင်ငံ တော်ကိုပုန်ကန်တဲ့ စာရင်းထဲပါသွားမယ်” ဟု ခြိမ်းခြောက်ကြောင်း စည်းရုံးခံရသူတစ်ဦးက ပြော ပါသည်။
ရွာသူရွာသားများ၏ ကိုယ်ရေးအကျဉ်းနှင့် ဓါတ်ပုံ များရိုက်ယူသွားကြောင်း၊ ကျေးရွာအုပ်စု ၁၀အုပ်စု၏ စာရင်းများ ကောက်ယူ ပြီး မြို့ပေါ် ၅ ရပ်ကွက်၌ လူထုစာရင်း ဆက်တိုက်ကောက်ယူမည်ဖြစ်ကြောင်း လည်း သိရှိရသည်။
ဦးသိန်းစိန်
“အသက် ၁၅ နှစ်အထက် ရွာသူရွာသားအားလုံး ကြံ့ဖွတ်အသင်းဝင်ရမယ်။ မ၀င်တဲ့သူတွေ နိုင်ငံ တော်ကိုပုန်ကန်တဲ့ စာရင်းထဲပါသွားမယ်” ဟု ခြိမ်းခြောက်ကြောင်း စည်းရုံးခံရသူတစ်ဦးက ပြော ပါသည်။
ရွာသူရွာသားများ၏ ကိုယ်ရေးအကျဉ်းနှင့် ဓါတ်ပုံ များရိုက်ယူသွားကြောင်း၊ ကျေးရွာအုပ်စု ၁၀အုပ်စု၏ စာရင်းများ ကောက်ယူ ပြီး မြို့ပေါ် ၅ ရပ်ကွက်၌ လူထုစာရင်း ဆက်တိုက်ကောက်ယူမည်ဖြစ်ကြောင်း လည်း သိရှိရသည်။
ထိုင်းနိုင်ငံရေး မတည်ငြိမ်မှုကြောင့် ရပ်နားထားခဲ့ရသည့် မြ၀တီနယ်စပ် ကုန်သွယ်ရေး ပုံမှန်အတိုင်းပြန်လည်ပတ်
| ပြီးခဲ့သည့် ရက်ပိုင်းများအတွင်း ထိုင်းနိုင်ငံရေး အခြေအနေများ မတည်ငြိမ်မှုကြောင့် ရပ်နားထားခဲ့ရသည့် မြ၀တီနယ်စပ်ကုန် သွယ်ရေးမှာ မေလ ၂၈ ရက်နေ့တွင် ကုန်သွယ်မှုလုပ်ငန်းများ ပြန်လည် စတင်နေပြီဖြစ်ကြောင်း သိရှိရသည်။ မဲဆောက်မြ၀တီအဓိက ကုန်စည်စီးဆင်းရာ ချစ်ကြည်ရေးတံတား |
ယာယီပတ်စပို့များ ထိုင်းဘက်တွင် ထုတ်ပေးရန် ညှိနှိုင်း
မြတ်ခိုင်ဦး / ၃၁ မေ ၂၀၁၀
ယာယီပတ်စပို့ ထုတ်ပေးရေးရုံးများကို ထိုင်းနိုင်ငံဘက်ခြမ်းတွင် ပြောင်းရွှေ့ဖွင့်လှစ်ရန် အလားအလာကောင်းများ ရှိနေပြီဟု ရနောင်းခရိုင်ဝန်က ပြောကြားလိုက်သည်။
နိုင်ငံသားစိစစ်ရေးပြုမှု လုပ်ငန်းစဉ်များ၏ ရှိခဲ့သော အခက်အခဲနှင့် နောင်လာမည့်ကာလအတွင်း ဖြစ်ပေါ်တိုးတက်လာနိုင်မှု အခြေအနေများအား ရနောင်းခရိုင်ဝန် မစ္စတာ ဝမ်ချတ်ဝေါင်ချိုင်းချနာက သတင်းမီဒီယာများအား ရှင်းလင်းတင်ပြရာတွင် ပြောကြားခဲ့ကြောင်း ပြီးခဲ့သည့် မေ (၂၈) Nation Channel တွင် သတင်းဖော်ပြပါရှိသည်။
ယာယီပတ်စပို့ ထုတ်ပေးရေးရုံးများကို ထိုင်းနိုင်ငံဘက်ခြမ်းတွင် ပြောင်းရွှေ့ဖွင့်လှစ်ရန် အလားအလာကောင်းများ ရှိနေပြီဟု ရနောင်းခရိုင်ဝန်က ပြောကြားလိုက်သည်။
စက်လှေပေါ်မှ လှမ်းတွေ့ရသည့် ရနောင်း ဆိပ်ကမ်း
အိန္ဒိယသမုဒ္ဒရာအတွင်းလေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်-မုန်တိုင်းဖြစ်လာနိုင်ခြေ FAIR ဖြစ်ကြောင်း JTWC မှ ထုတ်ပြန်ထား
May 31, 09:21 AM
အိန္ဒိယသမုဒ္ဒရာအတွင်း အာရေဗျပင်လယ်၌ လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နေပြီး၊ မုန်တိုင်းဖြစ်လာနိုင်ခြေ FAIR ဖြစ်ကြောင်း JTWC မှ data များအရသိရပါသည်။ လေဖိအားနည်းရပ်ဝန်းသည် အိန္ဒိယနိုင်ငံ မွန်ဘိုင်းမြို့ အနောက်-အနောက်တောင်ဘက် ၆၃၅ မိုင်ခန့်နဲ့ ပါကစ္စတန်နိုင်ငံ ကရာချိမြို့ တောင်ဘက် ၇၂၅ မိုင်ခန့်မှာ ရှိနေတာဖြစ်ပါတယ်။

(Original data from JTWC)
(Original data from JTWC)
သီရိမင်္ဂလာဈေး နေရာသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရမည်ဟု တရားဝင် ကြေညာ
| Monday, 31 May 2010 09:48 |
| ရန်ကုန်မြို့ သီရိမင်္ဂလာဈေးကြီးရှိ ကုန်စိမ်းတန်းနှင့် ငါးပိငါးခြောက်တန်းများ လှိုင်မြို့နယ်ရှိ နေရာသစ်သို့ ပြောင်းရွှေ့ဖွင့်လှစ်ရမည့် အကြောင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ဈေးသူဈေးသားများအား မေလ ၂၈ ရက်နေ့တွင် တရားဝင်စတင် အသိပေးကြေညာလိုက်ပြီ ဖြစ်ကြောင်း သတင်းရရှိသည်။ |
ASEAN အာဆီယံ
အာဆီယံ
အာဆီယံ အသုံးပြုသည့်ဘာသာ အင်္ဂလိပ်ဘာသာ တည်ထောင်ခုနှစ် သြဂုတ်၈ ၁၉၆၇ အဖွဲ့ဝင်နိုင်ငံပေါင်း ၁၀နိုင်ငံ အမျိုးအစား ဒေသတွင်း စီးပွါးရေး၊ နိုင်ငံရေး မဟာမိတ်အဖွဲ့ ခေါင်းဆောင်များ အတွင်းရေးမှူးချုပ် - ဆူရင်း ပစ်ဆုဝမ်(Surin Pitsuwan)(ထိုင်း)
ဧရိယာ ၁၇၂၃၆၈၄ sq mi ၄၄၆၄၃၂၂ km² လူဦးရေ
- စုစုပေါင်း ၅၇၅.၅ သန်း
- လူဦးရေအထူအထပ် ၁၂၉/km²
GDP(PPP) ၁၂၈၁.၉ ဘီလျံဒေါ်လာ GDP(PPP) per capita ၅၉၆၂ ဒေါ်လာ HDI ၀.၇၄၂ (အဆင့် - ၁၀၀) ကွန်ယက် http://www.asean.org/
အာဆီယံဖြစ်ပေါ်လာပုံ
အရှေ့တောင်အာရှ နိုင်ငံများ အဖွဲ့ Association of Southeast Asian Nations (ASEAN)(အာဆီယံ) ကို ၁၉၆၇ ခုနှစ်၊ သြဂုတ်လ (၈) ရက်နေ့တွင် အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ စင်္ကာပူနှင့် ထိုင်း စသည့် အဖွဲ့ဝင် နိုင်ငံ(၅)နိုင်ငံဖြင့် စတင်ဖွဲ့စည်းခဲ့ပြီး အဖွဲ့ဝင် နိုင်ငံသစ်များ အဖြစ် ဘရူနိုင်း (၁၉၈၄)၊ ဗီယက်နမ် (၁၉၄၅)၊ လာအိုနှင့် မြန်မာ(၁၉၉၇)၊ ကမ္ဘောဒီးယား (၁၉၉၉) တို့ပါဝင်လာသဖြင့် ယခုအခါ အဖွဲ့ဝင်(၁၀)နိုင်ငံရှိပါသည်။ အတွင်းရေးမှူးချုပ်မှာ ထိုင်းနိုင်ငံမှ Surin Pitsuwan ဖြစ်သည်။ အဖွဲ့ဝင်နိုင်ငံများမှာ -
- ဘရူနိုင်း
- မြန်မာ
- ကမ္ဘောဒီယား
- အင်ဒိုနီးရှား
- လာအို
- မလေးရှား
- ဖိလစ်ပိုင်
- စင်္ကာပူ
- ထိုင်း
- ဗီယက်နမ်
ရည်ရွယ်ချက်
အာဆီယံဖွဲ့စည်းရသည့် ရည်ရွယ်ချက်မှာ - - (က)ကမ္ဘာ့ကုလသမဂ္ဂ၏မူအရ တရားမျှတရေး၊ ဥပဒေများနှင့်အညီ အရှေ့တောင်အာရှ ဒေသတွင်း ငြိမ်းချမ်းရေး၊ တည်ငြိမ်မှုရရှိရေးကို မြှင့်တင်နိုင်ရန်အတွက် အရှေ့တောင်အာရှ နိုင်ငံများ အနေဖြင့်စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု၊ နည်းပညာ၊ ပညာရေးနယ် ပယ်များတွင် ပူးပေါင်းဆောင်ရွက်ရန်။
- (ခ)ထို့ကြောင့် လွတ်လပ်၍ငြိမ်းချမ်းသည့် သယံဇာတပြည့်စုံသော ဘ၀သို့ရောက်ရှိရန် ဆန္ဒတစ်ရပ်အနေဖြင့် အရှေ့တောင်အာရှနိုင်ငံများရှိ လူထုတစ်ရပ်လုံးနှင့် သားစဉ်မြေးဆက် အကျိုးခံစားနိုင်ရေးပူးပေါင်းဆောင်ရွက်ရန်။
USDP မက်လုံးပေး စည်းရုံး
စိုင်းဇွမ်ဆိုင်း Wednesday, May 26, 2010
လက်ရှိ တာဝန် ထမ်းဆောင် နေဆဲ ဝန်ကြီးများ ပါဝင်ဖွဲ့စည်း ထားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) သည် ပြည်နယ်နှင့် တိုင်းတချို့၌ ဒေသခံ အာဏာပိုင်များ၏ သြဇာသုံးပြီး မက်လုံးပေး၍ ပါတီဝင် စည်းရုံးမှုများ ပြုလုပ်နေကြောင်း သိရသည်။ဝန်ကြီးချုပ် ဦးသိန်းစိန် (ဓာတ်ပုံ - Reuters)
USDP သည် စည်းရုံးရေးကို ကျေးရွာ လူကြီးများမှ တဆင့် လုပ်ဆောင်ခဲ့ ကြသည်ဟု သိရသည်။ ပါတီဝင် အဖြစ် အသိမှတ် ပြုခံရပြီး ပါတီဝင် သက်သေခံကတ် ရရှိပါက ခရီးသွားလာမှုများ ပိုမို လွယ်ကူမည် ဖြစ်ကြောင်း၊ ပါတီဝင် သက်သေခံ ကတ်သည် နိုင်ငံသား စိစစ်ရေး ကတ်နှင့် မကွာ ခြားကြောင်း ရွာသူ ရွာသားများကို ပြောဆို စည်းရုံးခဲ့သည်ဟု ရှမ်းပြည် မြောက်ပိုင်း ဒေသခံများက ပြောသည်။
အပစ်ရပ် SSA တပ်မဟာ ၁ အားပြည်သူ့စစ်မလုပ်ရန် ပလောင်အမျိုးသားများ တောင်းဆို
Wednesday, 26 May 2010 18:12 မွေခေါဝ်
နအဖ၏ ပြည်သူ့စစ်အသွင်ကူးပြောင်းရေးဖိအားပေးမှုကို လက်မခံရန် ဒေသခံပလောင်လူမျိုးများက အပစ်ရပ် သျှမ်းပြည်တပ်မတော် တပ်မဟာ ၁ ဗိုလ်ချုပ်ပန်ဖှထံ တောင်းဆိုသည်ဟု စုံစမ်းသိရှိရသည်။
“ပလောင်ကျေးရွာခေါင်းဆောင်တွေ ရောက်လာပြီး ဗိုလ်ချုပ်ပန်ဖှကို တွေ့ဆုံကန်တော့ကြတယ်။ ပြီးတော့သူတို့ရဲ့ တကယ့်စိတ်ရင်းဆန္ဒကိုပြောတယ်” ဟု တပ်မဟာ ၁ အရာရှိအသိုင်းအ၀ိုင်းနှင့်နီးစပ်သူ ဒေသခံတစ်ဦးကပြောသည်။
အပစ်ရပ် SSA တပ်မဟာ ၁ ထိန်းချုပ်နယ်မြေအတွင်းမှီတင်းနေထိုင်ကြသည့် ပလောင်ကျေးရွာများမှ ကျေးရွာအကြီးအကဲများက တပ်မဟာ ၁ ဌါနချုပ်သို့ ခြေလျင်ဖြင့်ရောက်သွားကြပြီး ဗိုလ်ချုပ်ပန်ဖှအား မေ ၂၃ ရက်၌ တွေ့ခွင့် တောင်း၍ကန်တော့ခဲ့ကြသည်။
ဗိုလ်ချုပ်ပန်ဖှအားကန်တော့ပြီးနောက် ထမင်းလက်ဆုံစားကြရာ ပလောင် လူမျိုးရပ်ရွာအကြီးအကဲများက ဗိုလ်ချုပ်ပန်ဖှအား ဗမာစစ်တပ် လက်အောက်ခံ ပြည်သူ့စစ်မလုပ်ရန် ဤကဲ့သို့ တောင်းဆိုပန်ကြားခဲ့ သည်ဟုဆို၏။
“ပလောင်ကျေးရွာခေါင်းဆောင်တွေ ရောက်လာပြီး ဗိုလ်ချုပ်ပန်ဖှကို တွေ့ဆုံကန်တော့ကြတယ်။ ပြီးတော့သူတို့ရဲ့ တကယ့်စိတ်ရင်းဆန္ဒကိုပြောတယ်” ဟု တပ်မဟာ ၁ အရာရှိအသိုင်းအ၀ိုင်းနှင့်နီးစပ်သူ ဒေသခံတစ်ဦးကပြောသည်။
ပလောင်လူမျိုး photo: taunggyicherryland.com
ဗိုလ်ချုပ်ပန်ဖှအားကန်တော့ပြီးနောက် ထမင်းလက်ဆုံစားကြရာ ပလောင် လူမျိုးရပ်ရွာအကြီးအကဲများက ဗိုလ်ချုပ်ပန်ဖှအား ဗမာစစ်တပ် လက်အောက်ခံ ပြည်သူ့စစ်မလုပ်ရန် ဤကဲ့သို့ တောင်းဆိုပန်ကြားခဲ့ သည်ဟုဆို၏။
မြို့အ၀င်ဂိတ်ကို ဆိုင်ကယ်စီး လူတစုဗုံးပစ် ရဲတစ်ဦးသေ နှစ်ဦးထိ
Tuesday, 25 May 2010 18:53 မွေခေါဝ်
အဆိုပါဂိတ်၌ ဒုရဲအုပ်မောင်ထွေးဦးဆောင်ပြီး ရဲသားသုံးဦးနှင့်အတူ မေ ၂၂ ရက်နေ့တွင် ကင်းစောင့် နေခဲ့ကြသည်။
မွန်းလွဲပိုင်း ၂း၁၅ နာရီခန့်တွင် လူငယ် ၃ ဦးက တရုတ်မော်တော်ဆိုင်ကယ် (125 CC) ၂ စီး မောင်းနှင်လာပြီး ဂိတ်ရှေ့ဖြတ်သန်းစဉ် လက်ပစ်ဗုံးတစ်လုံးပစ်ပေါက်၍ ပစ္စတိုသေနတ်နှင့်လည်း ပစ်ခတ် သွားခဲ့သည်။
အထက်လွှတ်တော် အမတ် Jim Webb မြန်မာနိုင်ငံ ထပ်သွားမည်
By ဒေါ်လှလှသန်း အင်္ဂါ, 25 မေ 2010
အထက်လွှတ်တော် အရှေ့အာရှနဲ့ ပစိဖိတ်ရေးရာ နိုင်ငံခြား ဆပ်ကော်မတီ ဥက္ကဌလည်းဖြစ်၊ ဗာဂျီးနီးယားပြည်နယ်က အထက်လွှတ်တော် အမတ်လည်းဖြစ်တဲ့ ဂျင်မ် ၀က်ဘ်ဟာ ကိုရီးယား၊ ထိုင်းနဲ့ မြန်မာနိုင်ငံတို့ကို သွားရောက်မယ့် သူ့ရဲ့ ခရီးစဉ်အတွင်း မြန်မာနိုင်ငံကိုတော့ ဇွန်လ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ သွားရောက်ဖို့ရှိပြီး နေပြည်တော်ကို သွားရောက်ဖို့ ရှိတယ်လို့
တစည ဦးဟန်ရွှေက သူတို့ပါတီဟာငွေမတတ်နိုင်ပေမဲ့ ကြံခိုင်ရေး ရဲ့ ပြိုင်ဘက်ဖြစ်လာမယ်လို့ပြော
ဦးဟန်ရွှေနှင့် တွေ့ဆုံခြင်း မေး။ ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ၂ဝ၁ဝ ရွေးကောက်ပွဲ အတွက် ဘာတွေ ပြင်ဆင်နေပြီလဲ။
ဖြေ။ ။ လောလောဆယ်ကတော့ မှတ်ပုံတင်နံပါတ် ကျပြီ။ မှတ်ပုံတင်နံပါတ်က နံပါတ်(၂)။ ကျပြီဆိုတော့ ပါတီက စည်းရုံးလို့ရပြီ။ စည်းရုံးလို့ရနေပြီ ဖြစ်တဲ့ အတွက် စည်းရုံးလှုပ်ရှားမှု ကျွန်တော်တို့လုပ်နေပြီ။ ပါတီဝင် စုစည်းမှုတွေ၊ လှုပ်ရှားမှုတွေ ဥပဒေအရ လုပ်ခွင့်ရှိနေပြီဖြစ်တဲ့အတွက် ပါတီက လုပ်ဆောင် နေပါပြီ။
မေး။ ။ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ၂ဝ၁ဝ ဧပြီလအထိ ပါတီဝင်အင်အား ဘယ်လောက်ရှိနေပြီလဲ။
ဖြေ။ ။ လောလောဆယ်တော့ (၅)သိန်းကျော်လောက် ရှိနေပါပြီ။ ပါတီမှတ်ပုံတင် ခွင့်ပြုတဲ့အတွက် ပါတီဝင်လျှောက်လွှာတွေ ပေးခွင့်ရှိပြီ။ စည်းရုံးလို့ ရနေပြီ။ ပါတီဝင်ကတ်ပြားတွေ ပေးလို့ရနေပြီ။ ဥပဒေအရ ခွင့်ပြုချက်ရှိနေပြီ။ ဧပြီ(၂၉)ရက်နေ့က မှတ်ပုံတင်ခွင့်ပြုလိုက်တဲ့အတွက် တိုးလာတဲ့ စာရင်း ကိုတော့ ပြောလို့မရသေးဘူး။ မူလရှိတဲ့ ပါတီဝင် အင်အားထက်တော့ အများကြီး တိုးလာပါတယ်။ လောလောဆယ်တော့ စာရင်းလုပ်လို့မရတဲ့အတွက် အတိအကျပြောလို့ မရသေးပါဘူး။
မေး။ ။တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပြည်သူလူထုရဲ့ ထောက်ခံအားပေးမှု ဘယ်လောက်ရမယ် ထင်လဲ။
ဖြေ။ ။ ကျွန်တော်တို့ အများကြီး မျှော်မှန်းထားပါတယ်။
အင်္ဂါဂြိုလ်ဆင်းယာဉ် ပျက်စီးဟု အတည်ပြု
NASAအဖွဲ့က မားစ်ဂြိုလ်ဆင်းယာဉ် Phonixအား လုံးဝလက်လွှတ် ဆုံးရှံးလိုက်ရပြီဟု အတည်ပြုလိုက်သည်။ ဂြိုဟ်ဆင်းယာဉ်သည် ကြယ်နီကြီးဟု တင်စားခိုင်းနှိုင်းကြသည့် မားစ်၏ ပြင်းထန်သော ဆောင်းရာသီကြောင့်
အပျက်အစီးများ ကြီးကြီးမားမား ပေါ်ပေါက်လာကာ လုံးဝအဆက်အသွယ် ပြတ်တောက်သွားပြီဟု NASAက ဝန်ခံခဲ့သည်။
NASAသည် Phoenixနှင့် အဆက်အသွယ် ရရှိရန် ဇန်နဝါရီလကတည်းက ကြိုးပမ်းနေခဲ့သော်လည်း ထိုစဉ်ကတည်းက မျှော်လင့်ချက်မှာ ခပ်ပါးပါးသာ ရှိခဲ့သည်။ သို့သော်လည်း NASAသည် ဂြိုဟ်ပတ်လမ်းမှတဆင့် Phoenixတည်ရှိနေသော နေရာကို (၆၁)ကြိမ်မျှ ဆက်သွယ်မှု ပြုလုပ်နိုင်ရန် ကြိုးစားခဲ့သေးသည်။
အပျက်အစီးများ ကြီးကြီးမားမား ပေါ်ပေါက်လာကာ လုံးဝအဆက်အသွယ် ပြတ်တောက်သွားပြီဟု NASAက ဝန်ခံခဲ့သည်။
NASAသည် Phoenixနှင့် အဆက်အသွယ် ရရှိရန် ဇန်နဝါရီလကတည်းက ကြိုးပမ်းနေခဲ့သော်လည်း ထိုစဉ်ကတည်းက မျှော်လင့်ချက်မှာ ခပ်ပါးပါးသာ ရှိခဲ့သည်။ သို့သော်လည်း NASAသည် ဂြိုဟ်ပတ်လမ်းမှတဆင့် Phoenixတည်ရှိနေသော နေရာကို (၆၁)ကြိမ်မျှ ဆက်သွယ်မှု ပြုလုပ်နိုင်ရန် ကြိုးစားခဲ့သေးသည်။
Subscribe to:
Posts (Atom)



