RFA မှဦးဝင်းတင်နှင့်အင်တာဗျူး
မေးမြန်းသူ။
အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့ဒ်ကမ်ဘဲလ်နဲ့ ဘဘဦးဝင်တို့ NLD  CEC  နဲ့တွေ့ဆုံတဲ့အခါမှာ ဦးခင်မောင်ဆွေကို အဖွဲ့ အချုပ်အဖွဲ့ဝင်ဖြစ်နဲ့ တက်ရောက်လာတာကို ကန့်ကွက်ခဲ့တယ်လို့ကြားရပါတယ်။ ဘဘ ဒီအကြောင်းလေး နည်းနည်းပြောပြပေးလားရှင့်။

ဦးဝင်းတင်။မနေ့တုန်းက ကျ နော်တို့ ၁၁ နာရီ ကနေပြီးတော့ ၁၂ နာရီ ကိုချိန်းတယ်။ ချိန်းတာက အမေရိကန် သံရုံးက နေလာပြီးတော့။ ဒီလ ၅ ရက်နေ့က NLD မပိတ်ခင် ၁ ရက်အလိုမှာ ကျနော်တို့ကို လာပြီး အ ကြောင်းကြားတယ်။ မစ္စတာကာ့ဒ်ကမ်းဘဲလ် တို့ လာမယ်။
ရှေ့ပတ်ကြတော့ လာ မယ်။ တွေ့ဖို့ရှိတယ် ဆိုပြီးတော့လုပ်တယ်။ အဲဒီမှာ ဘာပြောသလဲ ဆိုတော့ ဦးခင်မောင်ဆွေကိုလည်း ဖိတ်ချင်တယ်တဲ့ ဒါနဲ့ကျနော်ကပြော တယ်။  ဖိတ်လို့မရဘူး ဘာဖြစ်လို့ဆို
အဲဒီအချိန်လောက်ဆို ၆ ရက်နေလောက်ဆို သူတို့နဲ့ တွေတာ (၅) ရက် နေ့ကိုဗျ ၆ ရက်နေဆိုရင် ဦးခင်မောင် ဆွေတို့က ပါတီတွေထောင်တော့မှာ ကျနော်တို့နဲ့လည်း တခြားစီဖြစ်သွားပြီ အဲဒီတော့ မဖိတ်ပါနဲ့လို့ ပြောလိုက်တယ်။ အဲဒီတော့ ဟုတ်ပြီ ကောင်းပြီ ကောင်းပြီကောင်းရဲ့နဲ့ သွားတယ်။ နောက်ထပ် ဦးဥာဏ်ဝင်း ကိုထပ်မှာတယ်။ သေချာပြော သူ့ကို ဖိတ်လို့မရဘူး။ ကျနော်တို့နဲ့ တခြားစီ တော်ကြာရှုပ်ကုန်လိမ့် မယ်။ ကျနော်တို့ CEC ဖိတ်တာက သတ်သတ် သူတို့ဟာသူတို့ဖိတ်တာက တခြားပါတီတွေနဲ့ သတ်သတ်လုပ်ရမယ်။ ပြောပြီးတော့ အဲဒီနေ့က မန်းဒေးမှာ Manday ကျနော်တို့ NLD CEC  (၁၀) ယောက်ကိုဖိတ်တယ်။ အမေရိကန်သံမှူးအိမ်မှာ သွားပြီးတော့ စကားပြောတယ် ကမ်းဘဲလ်နဲ့။ ၁၁ နာရီကနေ ၁၂ နာရီအတွင်းမှာ သတ်မှတ်ထားတဲ့ အချိန်ပေါ့ဗျာ။ ပြောမယ်ဆိုပြီးလုပ်တယ်။ လုပ်တဲ့အချိန်မှာ ၁၁ နာရီနဲ့ ၁၅ မိနစ်၊ မိနစ် ၂၀ လောက်ကြာတော့ ကိုခင်မောင်ဆွေရောက်လာတယ်။ သံရုံးကနေပြီးတော့ သူ့ကို ကားတွေနဲ့ သွားကြိုပေးတယ်လို့ ကြားတယ်ခင်ဗျ။ သူ့ကိုကျနော်တို့ ထဲကိုသွင်း လာတယ်။ သွင်းလာတော့ ကျနော်တို့ထဲမှာ လူသုံးယောက်ကနေ ကန့်ကွက်စကားပြောတယ်။ ဒုဥက္ကဋ္ဌ ဦးတင်ဦး၊ ဦးညွန့်ဝေ ကျနော်ရယ်။ အဲလိုပြောတဲ့အခါ ကြတော့ မစ္စတာကာ့ဒ်ကမ်းဘဲလ်က ဦးခင်မောင်ဆွေ နောက်မှ ကျနော်တို့  နောက်ပိုင်းပေါ့ဗျာ ၁၂ နာရီကနေ ၁ နာရီထိကို ကျနော်တို့ ပါတီစုံတွေ့စရာရှိတယ်။ တိုင်းရင်းသားပါတီတွေရော ဖြိုးမင်းသိန်းတို့ ပါတီတို့ အေးလွင်တို့ ပါတီတို့ ကိုရဲထွန်းတို့ ပါတီတို့နဲ့ တွေ့စရာရှိတော့ အဲဒီပါတီတွေနဲ့မှ အတူတွေ့မယ်ဆိုတော့ ဦးခင်မောင်ဆွေ ထပြန်သွားတယ်။

မေးမြန်းသူ။
                NLD ရဲ့ တရားဝင်မှု ပြီးဆုံးသွားပြီဖြစ်ပေမဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို သစ္စာစောင့်သိပြီးတော့ NLD ရဲ့ မပြီးဆုံးသေးတဲ့ နိုင်ငံရေးတာဝန်တွေကို ဆက်ပြီးထမ်းဆောင်သွားမယ်လို့ ဦးခင်မောင်ဆွေက ပြောခဲ့ပါတယ်။ ဒီအပေါ်မှာ ဘဘက ဘယ်လိုသဘောရသလဲရှင်။

ဦးဝင်းတင်။
                အဲဒါတွေနဲ့ ပတ်သက်လို့တော့ ကျနော်တို့ ပြောချင်တာကတော့ ဦးခင်မောင်ဆွေ နဲ့ ကျနော်တို့နဲ့ဘာမှမဆိုင်ဘူး။ ပါတီနဲ့လုံးဝကို ဆန့်ကျင့်တဲ့လိုင်းကို သူတို့သွားနေတယ်။ ဘာဖြစ်လို့ဆို NLD ပါတီက မှတ်ပုံမတင်ဘူးလို့ CC ဆိုတဲ့ ပါတီခေါင်းဆောင်ထု တစ်ခုလုံးကနေပြီး တညီတညွတ်ထဲ ကန့်ကွက်သူမရှိ ဆုံးဖြတ်ချက်ကို မလိုက်နာပဲနဲ့ သူတို့ဟာသူတို့ ပါတီထောင်တယ်ဆိုတာ သူတို့ကိစ္စပဲ ဒါကျနော်တို့ ဘာမှမပြောချင်ဘူး ပြောချင်တာ တစ်ခုပဲရှိတယ်။ ကျနော်တို့နဲ့ ဘာမှမဆိုင်ဘူး။ နိုင်ငံရေးအားဖြင့်လည်း ဘာမှဆိုင်ဘူး ပုဂ္ဂိုရေးဆက်ဆံရေး အားဖြင့်လည်း ဘာမှမဆိုင်ဘူး။ ပါတီစည်းရုံးရေးလုပ်ငန်းအရလည်း ဘာမှမဆိုင်ဘူး။ ဒါကိုကျနော်တို့ တချက်ပြောချင်တယ်။ နောက်တစ်ခုက NLD က မှတ်ပုံမတင်ဘူး။ ဆိုတဲ့ခါ လူထုကလည်း ဘယ်သူရွေးရမှန်းလည်းမသိဘူး။ အဲဒီအခါမှာ သူတို့ကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တင်ပြီးတော့ လုပ်မယ်ဆိုတဲ့ဟာကိုလည်း ကျနော်တို့က လုံးဝလက်မခံဘူး။ ဘာဖြစ်လို့ဆိုတော့ စဉ်းစားကြည့်ဗျာ။ ဒေါ်အောင်ဆန်းစုကြည်က (၁) က တရားဝင်လူသိရှင်ကြား ပါတီညီလာခံကို ပို့တဲ့ စာတမ်းထဲမှာပါတဲ့ ခြေခံဥပဒေကို သူလုံးဝ လက်မခံပါဘူးလို့ ပြောတယ်။ ဦးခင်မောင်ဆွေတို့က ခြေခံဥပဒေကို လက်ခံပြီးတော့ အခြေခံဥပဒေအတိုင်း လုပ်မယ်ဟာ အခြေခံဥပဒေကို အသက်တွင်းမဲ့ အကောင် ထည်ဖော်မဲ့ လုပ်ငန်းတွေကို သူကလုပ်မှာ လွှတ်တော်ကနေ တဆင့်လုပ်မှာ ဒါမှာ လုံးဝကွဲနေပြီ။ နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်က ဒီပါတီကို မှတ်ပုံမတင်ဘူးလို့ တရားဝင်ပါတီကိုပြောပြီးပြီ ဗဟိုကော်မတီကို ပို့ပြီးပြီ။

မေးမြန်းသူ။
                ဟုတ်ကဲ ဦးခင်မောင်ဆွေတို့က လွှတ်တော်ထဲ့ကို ရောက်သွားရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ကိုယ်ပွားများ ဖြစ်လာမလားလို့ ပြောနေကြတဲ့အပေါ်မှာ ဘယ်လိုမြင်ပါသလဲရှင့်။

ဦးဝင်းတင်။
                ကျနော်တို့ ကိုယ်ပွားဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲတုန်းက ကျနော်တို့ ကိုယ်ပွားရှိခဲ့ပါတယ်။ ဒေါက်တာစိန်ဝင်းတို့ပါတီပေါ့ဗျာ။ အမျိုးသားဒီမိုကရေစီပါတီ ဆိုတာရှိခဲ့တယ်။ အမျိုးသားဒီမိုကရေစီပါတီ ဆိုတာ ကျနော်တို့ရဲ့ ကိုယ်ပွား ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က အဲဒီအချိန်တုန်းက စိတ်မချရဘူး။ စစ်အစိုးရက ကျနော်တို့ NLD ပါတီကို တကယ်လို့များ ဖျက်ပစ်လိုက်လို့ရှိရင် ကိုယ်ပွားပါတီဆိုတာ ရှိဖို့ကောင်း တယ်။ ဆိုပြီးတော့ ဒေါက်တာစိန်ဝင်းတို့နဲ့ ကျနော်တို့ လုပ်ခဲ့တယ်။ အဲဒီပါတီဟာ ကိုယ်ပွားပါတီ ဘာဖြစ်လို့ဖြစ်သလဲ ဆိုတာကျနော်တို့ ကိုယ်တိုင်လဲ အဲဒီအချိန်တုန်းက မှတ်ပုံတင်ခဲ့တယ်။ ရွေးကောက်ပွဲဝင်ခဲ့တယ်။ ကိုယ်ပွားပါတီကိုလည်း မှတ်ပုံတင်ခိုင်းခဲ့တယ် ရွေးကောက်ပွဲဝင်ခိုင်းခဲ့ တယ်။ အခုသူတို့က ကိုယ်ပွားပါတီလုံးဝမဖြစ်ဘူး။ လုံးဝလဲမဆိုင်ဘူးလို့ ပြောရတဲ့အကြောင်းက ကျနော်တို့ ဒီရွေးကောက်ပွဲကို သပိတ်မှောက် တယ်။ ဒီရွေးကောက်ပွဲ ဥပဒေတွေကိုလည်း လုံးဝ ညင်းဆန်တယ်။ ဒါကြောင့်ကျနော်တို့က ပါတီကိုမှတ်ပုံလဲ မတင်ဘူး။ ရွေးကောက်ပွဲလည်း မဝင်ဘူး။ သူတို့က ဒီရွေးကောက်ပွဲ ဥပဒေတွေကို သူတို့က လက်ခံတယ်။ နောက်ပြီးတော့ သူတို့က ရွေးကောက်ပွဲကိုဝင်မယ်။ အဲဒီတော့ လုံးဝကို ကျနော်တို့နဲ့ ခြားနားပါတယ်။ ဆိုင်လည်းမဆိုင်ပါဘူး။ တူလည်းမတူပါဘူး။

ကျေးဇူးတင်ပါတယ်ဘဘ ။

0 comments:

Post a Comment